အာရက္ခရေးရာကိစ္စရပ်များအား စိတ်ပါဝင်စားသူများ သုတေသနဆောင်းပါးများ ပေးပို့နိုင်ရန် ဖိတ်ခေါ်ခြင်း

အာရက္ခရေးရာကိစ္စရပ်များအနက် လူမှုစီးပွားရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို သုတေသနပြုရေးသားချင်သည့် လူငယ်များအား အာရက္ခလေ့လာရေးစင်တာ (CAS) သို့ သုတေသနဆောင်းပါးများ ပေးပို့နိုင်ရန် ဖိတ်ခေါ်ပါသည်။

ယခုအစီအစဉ်ကို အာရက္ခပြည်တွင်းနှင့် ပြင်ပရှိ လူငယ်များ၏ အမြင်နှင့် အသံကို အလေးထားကာ လူငယ်များ၏ သုတေသနပြုခြင်းနှင့် အရေးအသားစွမ်းရည်လေ့ကျင့်ခြင်းကို ထောက်ပံ့အားပေးလိုသည့် ရည်ရွယ်ချက်ဖြင့် အာရက္ခလေ့လာရေးစင်တာက အစပျိုးဆောင်ရွက်ခြင်း ဖြစ်ပါသည်။

စာမူများကို အာရက္ခလေ့လာရေးစင်တာ၏ အယ်ဒီတာအဖွဲ့ဝင်များမှ စိစစ်အကဲဖြတ်ပြီး၊ သတ်မှတ်ထားသောအရည်အသွေးနှင့် ကိုက်ညီသည့် သုတေသနဆောင်းပါးများကို စင်တာ၏ ဒီဂျစ်တယ်ပလက်ဖောင်းများတွင် ထုတ်ပြန်ဖော်ပြပေးသွားပါမည်။

ဖိတ်ခေါ်မှုအစီအစဉ်လျာထားချက်

ရွေးချယ်ဖော်ပြခံရသော သုတေသနဆောင်းပါးများအတွက် ဉာဏ်ပူဇော်ခ ချီးမြှင့်ပေးမည် ဖြစ်ပါသည်။ သုတေသနဆောင်းပါးကို တစ်နှစ်လျှင် (၃)ကြိမ်ခေါ်ယူမည်ဖြစ်ပြီး၊ တစ်ကြိမ်လျှင် (၃) စောင် ရွေးချယ်ဖော်ပြရန် ကနဦးလျာထားပါသည်။

(သို့သော် စာရေးသူများအနေဖြင့် မည်သည့်အချိန်တွင်မဆို စာတမ်းတင်သွင်းနိုင်ပါသည်။)

  • ပထမအကြိမ် ခေါ်ယူမှုအတွက် ဆောင်းပါးပေးပို့နိုင်သည့် နောက်ဆုံးရက်
  • ဧပြီလ၊ ၂၀ ရက်။

  • ဒုတိယအကြိမ် ခေါ်ယူမှုအတွက် ဆောင်းပါးပေးပို့နိုင်သည့် နောက်ဆုံးရက်
  • ဩဂုတ်လ၊ ၂၀ ရက်။

  • တတိယအကြိမ် ခေါ်ယူမှုအတွက် ဆောင်းပါးပေးပို့နိုင်သည့် နောက်ဆုံးရက်
  • ဒီဇင်ဘာလ၊ ၂၀ ရက်။

    သုတေသနဆောင်းပါး ရေးသားပေးပို့နိုင်သည့် အကြောင်းအရာများ
  • ရေးသားပေးပို့လာသည့် ဆောင်းပါးပါ အကြောင်းအရာများသည် အာရက္ခရေးရာနှင့် ဆက်စပ်သည့် အကြောင်းအရာ ဖြစ်ရမည်။
  • စစ်ရေး၊ နိုင်ငံရေး၊ လူမှုစီးပွားရေး၊ ဂျန်ဒါ၊ လူသားချင်းစာနာထောက်ထားမှု၊ သဘာဝပတ်ဝန်းကျင်ရေးရာ စသဖြင့် ကဏ္ဍအသီးသီးအား မိမိစိတ်ဝင်စားရာအလိုက် သုတေသနပြု ရေးသားနိုင်သည်။
  • သုတေသနဆောင်းပါးပို့ရန် အကျုံးဝင်သူများ
  • အာရက္ခပြည်တွင်း (သို့) ပြင်ပရောက်နေသည့် အသက် (၁၆) နှစ်မှ (၃၅) နှစ်အထိ လူငယ်များ
  • အတန်းပညာ၊ ဘွဲ့ဒီဂရီ၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ သတ်မှတ်ချက်မရှိပါ။
  • ပူးတွဲကလောင်ရှင်များဖြင့်လည်း ရေးသားပေးပို့နိုင်သည်။
  • ရေးသားရန် ပုံစံသတ်မှတ်ချက်များ
  • သုတေသနဆောင်းပါးများသည် ကိုယ်တိုင်ရေးသားထားသည့် ဆောင်းပါးများဖြစ်ရမည်။
  • သုတေသနဆောင်းပါးများအား ရက္ခိုင်ဘာသာစကား (သို့) မြန်မာဘာဘာစကားဖြင့် ရေးသားနိုင်သည်။
  • ပေးပို့လာသည့် သုတေသနဆောင်းပါးများသည် အချက်အလက်များအပေါ် အခြေခံပြီး စကားပြေအရေးအသားဖြင့် ရေးသားထားသည့် ဆောင်းပါးဖြစ်ရမည်။
  • ကိုးကားအညွှန်းရင်းမြစ်အချက်အလက်များမပါဝင်သေးသည့် A4 စာမျက်နှာ (၃) မျက်နှာမှ (၇) မျက်နှာထိ ရေးသားနိုင်သည်။ (Font size -11, line spacing 1.15)
  • ကိုးကားထားသည့် အချက်အလက်၊ သတင်းအရင်းမြစ်များအား ရှင်းလင်းစွာ ပူးတွဲဖော်ပြပေးရမည်။ (In-text citation) ဖြင့်လည်း ဖော်ပြပေးနိုင်သည်။
  • မိမိရေးသားသည့် အကြောင်းအရာနှင့် ဆက်စပ်သည့် ဓါတ်ပုံရှိပါက ထည့်သွင်းပေးပို့နိုင်သည်။ (ကိုယ်တိုင်ရိုက်ဓါတ်ပုံ သို့မဟုတ် ဓါတ်ပုံရရှိသည့် မူရင်းအညွှန်းရင်းမြစ်အား ထည့်သွင်းဖော်ပြရမည်။)
  • ကွန်ပျူတာစာရိုက်ရန် အခက်အခဲရှိပါက လက်ရေးမူအားပေးပို့နိုင်သည်။
  • လက်ရေးမူဖြင့် ပေးပို့လာသော ဆောင်းပါးများတွင်လည်း ကိုးကားထားသော သတင်းအရင်းအမြစ်များကို ထည့်သွင်းဖော်ပြပေးရန်လိုအပ်ပါသည်။
  • မှတ်ချက်။ ။ အခြားနေရာတွင် ထုတ်ဝေထားခြင်း မရှိသေးသော ကိုယ်တိုင်ရေး ဆောင်းပါး ဖြစ်ရမည်။ CAS မှ ရွေးချယ်ဖော်ပြခံရသည့် ဆောင်းပါးများအား အခြားနေရာတွင် ဖော်ပြခွင့်မပြုပါ။

    မေးခွန်းများမေးမြန်းရန် (သို့) CAS အား ဆက်သွယ်ရန်
  • CAS ၏ Facebook Messenger
  • CAS ၏ အီးမေးလ် (info@arakanstudies.org)
  • Telegram နံပါတ် - CAS_article
  • သုတေသနဆောင်းပါး တင်သွင်းရန်
  • စာရေးသူ၏ မူရင်းအမည်
  • စာရေးသူ၏ ကလောင်အမည်
  • စာရေးသူ၏ မွေးသက္ကရာဇ်
  • စာ‌ရေးသူအား ဆက်သွယ်နိုင်ရန် အီးမေးလ် (သို့) အခြားနည်းလမ်းများ (ဥပမာ - Telegram No.)
  • စာ‌ရေးသူအား ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်
  • သုတေသနဆောင်းပါးခေါင်းစဉ်
  • သုတေသနဆောင်းပါး (Word file, Pdf file)
  • သုတေသနဆောင်းပါးတွင် ပုံများပါဝင်ပါက ထပ်မံထည့်သွင်းပေးရန် (jpg, jpeg, png)
  • (ရွေးချယ်ခံရပါက ဖော်ပြနိုင်ရန်) စာရေးသူ၏ ကိုယ်ရေးအကျဉ်း
  • ယခုသုတေသနဆောင်းပါးသည် အခြားနေရာတွင် ထုတ်ဝေထားခြင်း မရှိသေးသော ကိုယ်တိုင်ရေး ဆောင်းပါး ဖြစ်ကြောင်း အတည်ပြုပါချက်
  • - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

    The CAS is an independent, non-partisan and research-oriented group conducting research and analyzing issues related to Arakan/Rakhine affairs.

    Learn More

    Monthly Report | March 2023

    While the junta’s forces and Arakan Army (AA) are now in an informal truce, the news of the registration of the political parties in Rakhine have become more prominent in March.

    Center for Arakan Studies

    Monthly Report | Febuary 2023

    In February 2023, both tensions and relaxation could be seen in politics in Rakhine State. Tensions between the Arakan Army, and junta forces happened due after the junta forces' reinforcement such as military types of equipment, patrol and,...

    Center for Arakan Studies

    Arakan Review: Return To War

    Just 20 months after a de facto ceasefire between the Myanmar military and the Arakan Army (AA), a series of armed clashes resumed in three locations in northern Rakhine,...

    Center for Arakan Studies