ဗဟု သဘာဝဖီး၊ ထိခိုက်နိုင်ချေ နန့် ဖီးအန္တရာယ်

နိဒါန်း

ဘင်္ဂလားပင်လယ်အော်ကို မေးတင်လို့ အင်ဒိုချိုင်းနားကျွန်းဆွယ် အနောက်စူးစူးမှာဟိနိန်ပနာ အိန္ဒိယသမုဒ္ဒရာအတွက် ထွက်ပေါက်ဖြစ်တေ ရက္ခိုင်ကမ်းမြောင်ဒေသရေ ပထဝီနိုင်ငံရေးအရ အရေးပါပိုင် ရီချိုမြစ်ချောင်းသယံဇာတလေ့ ကြွယ်ဝပါရေ။ ယပိုင်တည်ဟိဖြစ်တည်မှုအတွက်နန့် သဘာဝဖီးဒဏ် ရက်ပြတ်ခံနိန်ရရေ ဒေသလေ့ ဖြစ်တေအတွက် စစ်ဖီးကို အာရုံစိုက်နိန်ရင်း မိုခါပိုင် လီမုန်တိုင်းကြီးတိနန့် နှစ်ပြတ်ရီကြီးမှုဒဏ်တိကိုလေ့ ဂရုပြုနိန်ကတ်ရပါရေ။ ဒေသဘာဝဖီး ၂ ခုနန့်ယှဉ်ကေ ငလျင်အန္တရာယ်စွာ မဟိသလောက် နည်းပါးရေ ဆိုကေလေ့ ရက္ခိုင်ဒေသစွာ မြီလွှာလှုပ်ယှားမှု အားကောင်းရေ ကျောက်လွှာတိထက်မှာ တည်နိန်ရေအတွက် လျှော့တွက်လို့ မရနိုင်ပါ။ အရာ သဘာဝဖီးတိဖြစ်တေ အပူချိန်လွန်ကဲစွာ၊ ရီကြီးမှု နောက်ဆက်တွဲ မြီပြိုစွာ၊ ငလျင်နန့်ပါလာဖို့ ဆူနာမီလှိုင်းလုံးဒဏ်တိကလေ့ ထည့်သွင်းစိုင်းစားရဖို့ အချက်တိဖြစ်ပါရေ။

အေပိုင် သဘာဝဖီးတိဆိုစွာ အာရက္ခပြည်တခုတည်း ခံနိန်ရစွာတော့ မဟုတ်ပါ၊ ကမ္ဘာကြီး ပိုလို့ပူနွီးလာမှုနန့်တတူ လူတိ သယံဇာတထုတ်ယူမှု၊ အမှိုက်သရိုက်စွန့်ပစ်မှု နန့် ဇိမ်ခံပစ္စည်း သုံးစွဲမှုတိ လွန်ကဲများပြားလာရေအခါ ကမ္ဘာဂြိုလ်ထက်က နိုင်ငံတိအားလုံး အေနှစ်ပိုင်းတိမှာ ပိုလို့စိပ်လို့ ခံလာကတ်ရစွာ သတင်းတိမှာ မြင်ကတ်ရပါဖို့၊ ဒေပိုင် သဘာဝဖီးတိကို ယှောင်လွှဲလို့မရကေလေ့ ကြိုတင်ကာကွယ်စွာ၊ ခံနိုင်ရည်တည်ဆောက်စွာတိနန့် ဖီးအန္တရာယ်ကျရောက်မှုကို လျှော့ချတားဆီးလို့တော့ ရပါရေ။ အေဆောင်းပါးမှာတော့ နိုင်ငံတကာမှာ သဘာဝဖီးကို ဇာပိုင် လိလာချဉ်းကပ်ကတ်သလဲ နန့် အာရက္ခပြည်ကို သက်ရောက်နိုင်ရေ သဘာဝဖီးထိထဲက အန္တရာယ်အပီးနိုင်ဆုံးတိ ဖြစ်တေ ရီကြီးမှု၊ လီမုန်တိုင်း နန့် ငလျင်တိအကြောင်း သုံးသပ်ဆွေးနွေးချင်ပါရေ။

သဘာဝဖီး၊ ထိခိုက်နိုင်ချေ နန့် ဖီးအန္တရာယ်

ရက္ခိုင်စကားမှာဆိုကေ ဖီး နန့် အန္တရာယ်စွာ အဓိပ္ပာယ်ဆင်တူ ဖလှယ်လို့ သုံးကတ်တေဆိုကေလေ့ သဘာဝဖီးအကြောင်း လိလာရေအခါ ဖီး (Hazard) နန့် အန္တရာယ် (Risk) ဆိုပနာ ခွဲလို့ မှတ်သားကတ်ရဖို့ပါ၊ အတိုပြောရကေ သဘာဝဖီး (Natural Hazard) ဆိုစွာ သဘာဝကနိန်ပနာ ကိုယ့်ဖက်ကျရောက်လာနိုင်ရေ ဖီးဒဏ်လို့ အဓိပ္ပာယ်ဖွင့်နိုင်ပြီးကေ ဖီးအန္တရာယ် (Risk) ဆိုစွာက ယင်းသဘာဝဖီးကြောင့် ကိုယ်ရို့ဇာလောက် ထိခိုက်အန္တရာယ်ကျခလေ့ဆိုစွာကို တိုင်းတာစွာ ဖြစ်ပါရေ။ သဘာဝဖီးဖြစ်တိုင်း အန္တရာယ်ကျဖြစ်စွာတော့ မဟုတ်ပါ၊ ဖီးအန္တရာယ်ကို ဖြစ်စီနိုင်ရေ ခံနိုင်ရည်အားနည်းမှု (Low Resistance) ကြောင့်ရာ အန္တရာယ်ကျဖြစ်ရစွာပါ၊ အေချင့်ကို အေဆောင်းပါးမှာတော့ ထိခိုက်နိုင်ချေ (Vulnerability) လို့ သုံးလားပါဖို့။ မြင်သာထင်သာဟိဖို့အတွက် သင်္ချာနည်းအရ သဘာဝဖီးကို ဒေသတခုမှာ အချိန်တခုအတွင်း လီမုန်တိုင်း၊ ရီကြီး၊ ငလျင် ဖြစ်နိုင်ဖို့ ဖြစ်တန်ချေ (Probability) နန့် တိုင်းတာလို့ရနိုင်ပြီးကေ ထိခိုက်နိုင်ချေကိုတော့ခါ ယင်းဒေသမှာ ဟိရေ လူဦးရေ၊ အိမ်ဆောက်ပစ္စည်း၊ ဝင်ငွေ ရို့ပိုင် ညွှန်းကိန်း (Index) တိနန့် ဖော်ပြကတ်ပါရေ။ နိုင်ငံတကာသုတေသနတိမှာတော့ခါ သဘာဝဖီးကြောင့် ဖီးအန္တရာယ်ကျရောက်နိုင်မှုကို အမျိုးမျိုးတွက်ချက်ပြတတ်ပြီးကေ အများစုကခါ ဖီးအန္တရာယ် (Risk) = ဖီး (Hazard) x ထိခိုက်နိုင်ချေ (Vulnerability) ဆိုပြီးကေ မြင်သာထင်သာ ကိန်းဂဏန်းတန်ဖိုးတခု ထုတ်ပြလို့ စီမံအုပ်ချုပ်ရေးလုပ်ငန်းတိအတွက် အသုံးပြုကတ်ပါရေ။ တခုထက်မကရေ သဘာဝဖီးတိနန့် တခုနန့်တခု ဆက်နွယ်ဖြစ်ပေါ်တတ်တေ ဖီးတိကိုတော့ကေ ဗဟုဖီး (Multi Hazard) ဆိုပနာ ခေါ်ဝေါ်ကတ်ပြီးကေ အေဆောင်းပါးမှာ ဂုပိုင်သဘာဝဖီး ၃ ခု ဖြစ်နိုင်ချေမြင့်မမြင့် မြီပုံနန့်တကွ ဆွေးနွေးလားပါဖို့။

ရီကြီးခြင်း

အေနှစ်ပိုင်းတိမှာ စစ်ဖီးနန့်အပြိုင် ဆုံးယှုံးမှုများစီခစော်က ရီကြီးခြင်းဖြစ်ပါရေ။ BNI သတင်းဌာနအဆိုရ ၂၀၂၅ ဂျူလိုင်လခါက အာရက္ခပြည်က ကုလားတန်မြစ်နန့် လေးမြို့မြစ်နားပါးချင်း မြို့နယ် ၅ မြို့နယ်က ကျေးရွာတိစော် မိုးကြီးရေအတွက်တာနန့် ရီလွှမ်းမိုးခံခရပနာ လူတိမကန် ရွှိပြောင်းခကတ်ရပါရေ၊ ၂၀၂၄ ခါကလေ့ ယာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်နန့် ရီကြီးမှုတိဖြစ်ခပိုင် ကုန်ခရေ ၁၀ နှစ်အတွင်းမှာ လီမုန်းတိုင်းနန့် ပါလာလို့ဖြစ်စီ မုတ်သုန်မိုးကြီးလို့ဖြစ်စီ နှစ်ပြတ်ရီကြီးလို့ လူတိ အဆောက်အအုံတိ မနည်း ပျက်စီးနစ်နာကတ်ရပါရေ။ ပုံ ၁ မှာဆိုလို့ဟိကေ အာရက္ခဒေသမှာ မျက်နှာပြင်ရီဖြစ်ပေါ်မှု (Surface Water Occurrence) ခရိုင်စေ့ များနိန်စော် မြင်ရပြီးကေ ချင်းပြည် ပလက်ဝခရိုင်မှာရာ သင့်တင့်ဟိနိန်စာ ဖြစ်ပါ‌ရေ။ မျက်နှာပြင်ရီ ဖြစ်ပေါ်မှုဆိုစွာက အာကာသဂြိုဟ်တုက ကြည့်လို့ ၁၀၀ မီတာပတ်လည် မြီပြင်မှာ တနှစ်တာအတွင်း ရီတွိဟိမှု ရာခိုင်နှုန်းကို ဖော်ပြစော်ဖြစ်ပြီးကေ ဥရောပကော်မသျှန် စုပေါင်းသုတေသနစင်တာ (ECJRC) က ၁၉၈၄ ကနိန် ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံတိအားလုံးက အချက်အလက်တိကို ပြုစုထားစော် ဖြစ်ပါရေ။ အေပုံမှာတော့ခါ ခရိုင်တခုချင်းစီမှာ ဟိနိန်ရေ ၁၀၀-မီတာ အကွက်ချေတိထဲက ၇၅-ရာခိုင်နှုန်း-အများဆုံး (75th Percentile) ဒေတာတိကို ယူထားစွာ ဖြစ်ပြီးကေ မြစ်ချောင်းပေါများရေ ရက္ခိုင်ပြည်မှာဆိုကေ အေရာခိုင်နှုန်းစော် အမြင့်ဆုံးပိုင်းမှာ ဟိနိန်ပနာ ခရိုင်တိုင်းမှာ ရီကြီးနိုင်ချေ မြင့်မားစွာကို သိနိုင်ဖို့ပါ။

ပုံ-၁ - အာရက္ခတပ်တော် ထိန်းချုပ် ချင်းပြည် ပလက်ဝခရိုင် နန့် ရက္ခိုင်ပြည် ခရိုင်တိအတွင်း မျက်နှာပြင်ရီဖြစ်ပေါ်မှု (၁၉၈၄ - ၂၀၂၁)
လီမုန်တိုင်း

ပုံ-၂ - အာရက္ခတပ်တော် ထိန်းချုပ် ချင်းပြည် ပလက်ဝခရိုင် နန့် ရက္ခိုင်ပြည် ခရိုင်တိအတွင်း ဆိုင်ကလုန်းမုန်တိုင်း နှစ်စိုင်ဖြစ်တန်ချေနန့် ပြင်းထန်လီမုန်တိုင်းတိ (၁၈၈၃ - ၂၀၂၃) ရှည်လျားရေ ရက္ခိုင်ကမ်းရိုးတန်းစော် ဆိုင်ကလုန်း လီမုန်တိုင်းတိကို တန်းခါးဖွင့်ပီးထားပိုင် ဖြစ်နိန်ပနာ ၂၀၂၃ မိုခါ၊ ၂၀၁၀ ဂီရိ နန့် ၂၀၀၆ မာလာ မုန်တိုင်းတိကိုတော့ မိန့်ကတ်ဖို့ မဟုတ်ပါ။ ကမ္ဘာအနှံ့ ၁၈၄၂ နန့် ၂၀၂၄ ခုနှစ်အထိ ၁၈၄ နှစ်အတွင်း လီမုန်တိုင်းတိကို မှတ်တမ်းတင်ထားရေ IBTrACS အဖွဲ့က အချက်အလက်တိအရဆိုကေ ၁၈၈၃ နန့် ၂၀၂၃ ခုနှစ်အတွင်း ဆိုင်ကလုန်းပေါင်း ၆၂ လုံး အာရက္ခမြီထက် ကျခပနာ အလွန်ပြင်းထန်ရေလို့ သတ်မှတ်တေ Cat 3 အထက် ၇ လုံး ဝင်ခစွာကို..... အပြည့်စုံဖတ်ရန်

Download the full report to read more!

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

The CAS is an independent, non-partisan and research-oriented group conducting research and analyzing issues related to Arakan/Rakhine affairs.

Learn More

Monthly Report | March 2023

While the junta’s forces and Arakan Army (AA) are now in an informal truce, the news of the registration of the political parties in Rakhine have become more prominent in March.

Center for Arakan Studies

Monthly Report | Febuary 2023

In February 2023, both tensions and relaxation could be seen in politics in Rakhine State. Tensions between the Arakan Army, and junta forces happened due after the junta forces' reinforcement such as military types of equipment, patrol and,...

Center for Arakan Studies

Arakan Review: Return To War

Just 20 months after a de facto ceasefire between the Myanmar military and the Arakan Army (AA), a series of armed clashes resumed in three locations in northern Rakhine,...

Center for Arakan Studies