အာရက္ခပညာရေးအိပ်မက်နှင့် အနာဂတ်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက် စစ်အာဏာသိမ်းမှုအပြီးတွင် မြန်မာနိုင်ငံ‌ဒေသအနှံ့အပြား၌ ပြည်တွင်းစစ်မီးသည် အလျင်အမြန်ပျံ့နှံ့လာခဲ့သည်။ လက်ရှိပြည်တွင်းစစ်ဖြစ်နေချိန်တွင် အာဏာသိမ်း စစ်တပ်အား တိုက်ခိုက်နေသော လက်နက်ကိုင်တပ်များမှာ အမျိုးအစားအားဖြင့် ၂ မျိုးခွဲခြားနိုင်ပါသည်။ ပထမအမျိုးအစားတွင် ပါဝင်သည့် လက်နက်‌ကိုင်တပ်များသည် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှု မဖြစ်ခင်ကတည်းကပင် ပြည်တွင်းစစ်တွင် ပါဝင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ဒုတိယအမျိုးအစားမှာမူ အာဏာသိမ်းမှုနောက်ပိုင်းမှသာ စစ်အစိုးရကို တိုက်ခိုက်ကြသူများ ဖြစ်ပါသည်။

ပထမအမျိုးအစားတွင်ပါဝင်သည့် လက်နက်ကိုင်တပ်အတော်များမှာ အမျိုးသားရေး လက္ခဏာအပေါ် အခြေတည်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးရေးတခုတည်းမဟုတ်ဘဲ ကိုယ်ပိုင်နယ်မြေ၊ နိုင်ငံရေးစနစ်နှင့် နိုင်ငံတည်ဆောက်မှုစသည့် ရည်မှန်းချက်များရှိကြပါသည်။ ဒုတိယအမျိုးအစား၌ ပါဝင်သည့် လက်နက်ကိုင်တပ်များသည် စစ်အာဏာရှင်စနစ် ကျဆုံးမှုအပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေး အတွက် တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။

“ပြည်သူလူထုလိုလားတဲ့ စစ်အာဏာရှင်အမြစ်ဖြတ်ရေး” ဟူသည့် ခေါင်းစဉ်အောက်မှ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များ၏ ပူးပေါင်းထိုးစစ်ဖြစ်သော ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာလ (၂၇) ရက်နေ့၌ စတင်ခဲ့သည်။ စစ်ဆင်ရေးစတင်ပြီး နှစ်ပတ်ကျော်အကြာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရက္ခိုင်နှင့် ပလက်ဝဒေသ စစ်မျက်နှာများ၌လည်း အာရက္ခတပ်တော်မှ လိုအပ်ချက်အရဟုဆိုကာ စစ်ဆင်ရေးကို စတင်ခဲ့သည်။ အဆိုပါစစ်ဆင်ရေး၏ရလဒ်အနေဖြင့် ယခုအချိန်၌ ရက္ခိုင်ပြည်တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းကို အာရက္ခတပ်တော်မှ ထိန်းချုပ်လာနိုင်ပြီး၂၀၁၈ ခုနှစ်တွင် ကြွေးကြော်ခဲ့သော အာရက္ခတပ်တော်၏ 'အာရက္ခ အိပ်မက် ၂၀၂၅' သည်လည်း တစ်စထက်တစ်စ ပြည့်လုနီးပါးဖြစ်လာပါသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် နိုင်ငံ၏ လူမှုစီးပွားဘဝနှင့် ပညာရေးအခန်းကဏ္ဍအစရှိသည့် တိုင်းပြည်၏ကဏ္ဍ တော်တော်များများသည် နှစ်စဉ်နှင့်အမျှ ဆုတ်ယုတ်လာခဲ့သည်။ ထိုအခြေအနေသည် ရက္ခိုင်ဒေသ အပေါ်တွင်လည်း ရိုက်ခတ်မှုရှိလာခဲ့သည်။ ထို့အပြင် ၂၀၂၂ ခုနှစ် ‌နိုဝင်ဘာလတွင် ရရှိခဲ့သော စစ်တပ်နှင့် အာရက္ခတပ်တော်၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ပျက်ပြယ်ပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခဲ့သော ရက္ခိုင်ပြည်တွင်း တကျော့ပြန်စစ်ပွဲများနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် ဒေသတွင်းရှိ လူငယ်များမှာ စစ်ပွဲကာလ၏ နောက်ဆက်တွဲအဖြစ် ပညာရေးရပ်တန့်ရခြင်း၊ အချို့စွန့်လွှတ်လိုက် ရခြင်းများ ရှိခဲ့ကြသည်။ ထိုတိုက်ပွဲများသည် ထောင်ပေါင်းများစွာသော ရက္ခိုင်လူငယ်များ၏ ပညာရေး လမ်းကြောင်းအပေါ်တွင် ရိုက်ခတ်မှုကြီးမားခဲ့ပါသည်။

တကျော့ပြန်စစ်ပွဲများ စတင်ပြီးမကြာမီ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရက္ခိုင်ကျောင်းသားသမဂ္ဂသည် စစ်ကောင်စီ၏ပညာရေးဌာနမှ ဖွင့်လှစ်လိုက်သော အဆင့်မြင့်ပညာရေး ကျောင်းများ၊ အခြေခံပညာရေးကျောင်းများနှင့် အခြားအသက်မွေးဝမ်းကြောင်းကျောင်းများမှ ပို့ချသော "ဖက်ဆစ် ကျွန်ပညာရေးစနစ်ကို အလိုမရှိကြောင်း" ထုတ်ပြန်ပြီး ရက္ခိုင်ပြည်တွင်း၌ ကျောင်းမတက် သပိတ်မှောက်သည့် CDM လှုပ်ရှားမှုကိုစတင်ခဲ့ကြသည်။ ထိုလှုပ်ရှားမှုသည် ရက္ခိုင်ပြည်နယ်တွင်း ကျောင်းသားလူငယ်အချို့၏ ပညာရေးလမ်းကြောင်းအပြောင်းအလဲများ၏ အစဖြစ်ပါသည်။ ထို့အပြင် တကျော့ပြန်စစ်ပွဲ၏ အကျိုးဆက်အဖြစ် လူမှုစီးပွားမညီမျှမှု၊ အရင်းအမြစ်များ ရှားပါးလာမှုနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်များကြောင့်လည်း ရက္ခိုင်ဒေသတွင်းရှိ ပညာရေးအခန်းကဏ္ဍမှာ လစ်‌လပ်လျက်ရှိနေခြင်းဖြစ်သည်။ ရက္ခိုင်ဒေသတွင်းရှိ ကျောင်းသားလူငယ်များသည် အထက်ပါ အကြောင်းအရင်းများကြောင့် ပုံမှန်ပညာရေးစနစ် အား မရနိုင်တော့သည့်အပြင် ပညာဆက်သင်နိုင်ရန်အတွက်လည်း သေချာရေရာသည့် အခြေအနေမျိုးများ မရှိခဲ့ပါ။

သို့သော် ယခုအချိန်တွင် ရက္ခိုင်လူငယ်များသည် ပညာရေးလမ်းကြောင်းများဆီကို ပြန်လည်ဦးတည်ရန် စိုင်းပြင်းနေကြပြီ ဖြစ်သည်။ ယခုတွင် အခြားအကြောင်းအရာများကို မဖော်ပြခင် အချက်အလက်အချို့ကို ပထမဦးစွာ တင်ပြထားလိုပါသည်။ ရက္ခိုင်ပြည်တွင် အခြေခံပညာအထက်တန်းကျောင်း (၄၈၇)ကျောင်း၊ အလယ်တန်းကျောင်း (၁၁၇၁)ကျောင်းနှင့် မူလတန်းကျောင်း (၁၅၃၅)ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၃၁၉၃) ကျောင်း ရှိပါသည်။ တက္ကသိုလ်နှင့် ကောလိပ် စုစုပေါင်း (၉) ခုရှိပါသည်။ ထိုကျောင်းများထဲမှ ယခုအချိန်တွင် ရက္ခိုင်ပြည်တွင်း စစ်ကော်မရှင်ထိန်းချုပ်သည့် နယ်မြေများတွင်သာ အခြေခံပညာကျောင်းအချို့နှင့် တက္ကသိုလ်၊ ကောလိပ်အချို့သာ..... အပြည့်စုံဖတ်ရန်

Download the full report to read more!

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

The CAS is an independent, non-partisan and research-oriented group conducting research and analyzing issues related to Arakan/Rakhine affairs.

Learn More

Monthly Report | March 2023

While the junta’s forces and Arakan Army (AA) are now in an informal truce, the news of the registration of the political parties in Rakhine have become more prominent in March.

Center for Arakan Studies

Monthly Report | Febuary 2023

In February 2023, both tensions and relaxation could be seen in politics in Rakhine State. Tensions between the Arakan Army, and junta forces happened due after the junta forces' reinforcement such as military types of equipment, patrol and,...

Center for Arakan Studies

Arakan Review: Return To War

Just 20 months after a de facto ceasefire between the Myanmar military and the Arakan Army (AA), a series of armed clashes resumed in three locations in northern Rakhine,...

Center for Arakan Studies