ရခိုင်ပြည်သူများကြုံတွေ့ရသော

ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ

English | Myanmar

နိဒါန်း

(က) အဓိကအကြောင်းအရာ
ရခိုင်ဒေသအတွင်း ကြုံတွေ့နေရသော ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ

(ခ) နယ်မြေဒေသ
ချင်းပြည်တောင်ဖက် ပလက်ဝမြို့နယ်အပါအဝင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်တို့ ကိုယ်စီထိန်းချုပ်ထားသော ရခိုင်ပြည်အတွင်း မြို့နယ် (၁၇) ခု။

(ဂ) အချိန်ကာလ
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလထိ (၅) လတာကာလ။

ရခိုင်ဒေသသည် နိုဝင်ဘာ၊ ၂၀၂၃ ခုနှစ်မှ စ၍ တကျော့ပြန်စစ်ပွဲများကြောင့် လုံခြုံရေးအခြေအနေ မတည်ငြိမ်မှုများ၊ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခံရမှုများ၊ စစ်ရေးပဋိပက္ခကြောင့် ဒေသတွင်း ရွှေ့ပြောင်းနေထိုင်မှုများအပြင် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုကြောင့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခက်အခဲများစွာကို ခါးစည်းခံရင်ဆိုင်နေရသော ဒေသတစ်ခုဖြစ်သည်။ ဒေသတွင်းပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများသည် စိုးရိမ်ဖွယ်အဆင့်သို့ ရောက်ရှိလာနေသည်။

ယခုလေ့လာချက်သည် ဒေသတွင်းသတင်းမီဒီယာများမှ ဖော်ပြထားသော သတင်းအချက်အလက်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအပြင် ဒေသခံပြည်သူများ၏ ပြောကြားချက်များ အပေါ် အခြေခံ၍ ရခိုင်ပြည်သူများကြုံတွေ့နေရသော ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများကို အဓိကအာရုံစိုက်ထားသည်။

အချက်အလက်အကျဉ်းချုပ်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ

  • မာန်အောင်တွင် ကိုယ်ဝန်ဆောင်နှင့်ကလေးငယ်များ နှစ်ချီကြာ ကျန်းမာရေးစောင့်ရှောက်မှုကင်းမဲ့နေ
  • မာန်အောင်မြို့နယ်တွင် စစ်ကော်မရှင်၏ ကုန်းလမ်း၊ ‌ရေလမ်းပိတ်ဆို့မှုကြောင့် ဆေးဝါးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပြတ်လပ်နေပြီး၊ ကုတင် (၅၀)ဆံ့ ပြည်သူ့ဆေးရုံတွင်လည်း ကျွမ်းကျင်ဆရာဝန်များ မလုံလောက်ခြင်းနှင့် ဆေးပစ္စည်းပြတ်လပ်ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်များအပါအဝင် နာတာရှည်ရောဂါသည်များအနေဖြင့် ကျန်းမာရေး အကျပ်အတည်း ကို ရင်ဆိုင် ကြုံတွေ့နေကြရသည်။

  • ပလက်ဝမြို့နယ်တွင် ငှက်ဖျားရောဂါကြောင့် ကလေးငယ်တစ်ဦးသေဆုံး
  • သွေးလွန်တုပ်ကွေးရောဂါကြောင့် ပလက်ဝမြို့နယ် မောင်ရွာ၊ ဗုဒ္ဓရွာနှင့် ကျေးတောကျေးရွာမှ ကလေးငယ် (၅) ဦးသေဆုံး ခဲ့သည်။ ပလက်ဝမြို့နယ်နှင့် မင်းတပ်မြို့နယ်ကြားက ကျေးရွာများ၌လည်း ရာသီဥတုအပြောင်းအလဲကြောင့် ငှက်ဖျားရောဂါများ ပြန်ဖြစ်နေသောကြောင့် ဆေးဝါးအကူအညီများ လိုအပ်နေသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ

  • ကျောက်တော်မြို့နယ်တွင် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ငှက်ဖျားကြောင့် သေဆုံး
  • "ဆေးရုံကိုရောက်တော့ သွေးဖောက်တယ်။ သွေးစစ်တော့ ငှက်ဖျားပိုးက ဦးနှောက်ကို ရောက်သွားတယ်လို့ ပြောတယ်။ ဆေးခန်းပြမယ်ဆိုပြီး မြေးအဖိုးနှစ်ယောက် လာခဲ့ကြတာ။ ခြေလျင်လျှောက်ပြီး တောင်နှစ်လုံးလောက် ကျော်ပြီးလာတာဖြစ်တော့ ပင်ပန်းတာကြောင့် ပိုနေမကောင်းဖြစ်သွားတယ်။ အဖိုးဖြစ်သူက ကျောပိုးလာတာ။ လမ်းမှာကတည်းက (ကလေးက) စကားမပြောတော့ဘူး" ဟု ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

  • ပလက်ဝခရိုင်အတွင်း ဒေသခံများနှင့် ကုန်သည် စုစုပေါင်း ၃၀၀ ဦးခန့် ပြင်းထန်
  • ဝမ်းရောဂါကူးစက်ခံနေရ

    အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နှင့် နယ်စပ်ဒေသများမှ စတင် ကူးစက်လာသော ဝမ်းပျက် ဝမ်းလျှောရောဂါသည် ပလက်ဝဒေသခံ နှင့် ကုန်သည် ၃၀၀ ကျော်ခန့် ကို ကူးစက်စေခဲ့ပြီး၊ အဆိုပါ ကူးစက် ဝမ်းရောဂါကြောင့် လူ ၆ ဦးအထိ သေဆုံးခဲ့ရသည်။

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ

  • ရသေ့တောင် မိုးစဲကျွန်းက စစ်ဘေးရှောင်များ အရေပြားရောဂါခံစားနေရ
  • စစ်ဘေးရှောင်ထောင်ချီ နေထိုင်ကြသည့် ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် စစ်ဘေးရှောင် လူဦးရေ ၇၀၀ ခန့် အရေပြားရောဂါခံစားခဲ့ကြရသည်။ ထို့အပြင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး မြို့နယ်များတွင်လည်း စစ်ဘေးရှောင်နှင့် ဒေသခံအများအပြား... အပြည့်စုံဖတ်ရန်

    | Download the full report to read more!

    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

    The CAS is an independent, non-partisan and research-oriented group conducting research and analyzing issues related to Arakan/Rakhine affairs.

    Learn More

    Monthly Report | May 2023

    Response to Cyclone Mocha in Rakhine State

    This report aims to provide an update and comprehensive information regarding the strike of Cyclone Mocha on the coast of Arakan on May 14, 2o23. But, as it is released as a part of the ‘Monthly Report’, the content of the work will only cover the cyclone-related information during the month of ‘May’.

    Center for Arakan Studies

    Monthly Report | March 2023

    While the junta’s forces and Arakan Army (AA) are now in an informal truce, the news of the registration of the political parties in Rakhine have become more prominent in March.

    Center for Arakan Studies

    Monthly Report | Febuary 2023

    In February 2023, both tensions and relaxation could be seen in politics in Rakhine State. Tensions between the Arakan Army, and junta forces happened due after the junta forces' reinforcement such as military types of equipment, patrol and,...

    Center for Arakan Studies

    Arakan Review: Return To War

    Just 20 months after a de facto ceasefire between the Myanmar military and the Arakan Army (AA), a series of armed clashes resumed in three locations in northern Rakhine,...

    Center for Arakan Studies