မြန်မာ့နိုင်ငံရေးအကျပ်အတည်းကြားက

ရခိုင်နိုင်ငံရေးပါတီများ

English | Myanmar

နိဒါန်း

(က) အဓိကအကြောင်းအရာ
အာဏာသိမ်းမှုအလွန် ရခိုင်နိုင်ငံရေးပါတီများ ကြုံတွေ့ရသော စိန်ခေါ်မှုများ

(ခ) နယ်မြေဒေသ
ရခိုင်ပြည်အတွင်းရှိ မြို့နယ် (၁၇) မြို့နယ်လုံး

(ဂ) အချိန်ကာလ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလထိ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစစ်တပ်မှ အဓမ္မအာဏာသိမ်းခဲ့သည့် အချိန်မှစ၍ စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပပြီး အနိုင်ရပါတီအား နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးမည်ဟု ရံဖန်ရခါ ထုတ်ပြောလေ့ရှိသည်။ သို့သော် စစ်ကောင်စီ၏ နိုင်ငံရေးအာမခံချက်ကို ယုံကြည်မှုအားနည်းပြီး၊ ၂၀၂၀ ရွေးကောက်ပွဲ၏အနိုင်ရပါတီများကို အစိုးရဖွဲ့ခွင့် မပေးခြင်းနှင့် အာဏာသိမ်းပြီးအလွန် ဆန့်ကျင်ဆန္ဒထုတ်ဖော်သူများကို အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်း အားကောင်းလာခဲ့သည်။

တဖက်တွင် စစ်အာဏာသိမ်းပြီးနောက် အာရက္ခတပ်တော် (အေအေ) နှင့် ယာယီအပစ်အခတ်ရပ်ထားသော ရခိုင်ပြည်တွင်လည်း ရခိုင်လူထုသည် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲလမ်းကြောင်းထက် အေအေ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကို ထောက်ခံအားပေးမှု မြင့်တက်လာခဲ့သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီနှင့် အေအေ ကြား တကျော့ပြန်စစ်ပွဲများနှင့် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပေါ်လာခြင်းကြောင့် နိုင်ငံရေးပါတီများ၏ ‘နိုင်ငံရေးလှုပ်ရှားခွင့်’ (political space) မှာ ပိုမိုကျဉ်းမြောင်းလာခဲ့သည်။

ဤသို့ဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းဖိအားများအောက်မှ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး ထွက်ပေါက်ရှာလိုသော စစ်ကောင်စီ/စစ်ကော်မရှင်အစိုးရမှ အတိုက်အခံများကို ဖိနှိပ်ကန့်သတ်ပြီး ကျင်းပသော ၂၀၂၅-၂၆ အထွေထွေရွေးကောက်ပွဲကို ၎င်း၏ ထိန်းချုပ်နယ်မြေများတွင် ကျင်းပရန် ကြိုးပမ်းခဲ့ပြီး၊ ရခိုင်ပြည်အခြေစိုက် နိုင်ငံရေးပါတီများထဲမှ တချို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ၊ တချို့မှာ အကြောင်းပြချက် အမျိုးမျိုးဖြင့် ပိတ်ပင်၊ ဖျက်သိမ်း၊ ပယ်ချခံခဲ့ကြရသည်။

ယခု လေ့လာချက်သည် ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်များ၊ နိုင်ငံရေးပါတီများ၏ ထုတ်ပြန်ချက်များ၊ စစ်ကောင်စီနှင့် ၎င်း၏ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်များနှင့် မိမိတို့အာရက္ခလေ့လာရေးစင်တာ၏ လေ့လာချက်များကို အခြေခံ၍ (၅) နှစ်တာ ကာလ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကြားက ရခိုင်နိုင်ငံရေးပါတီများ၏ အခြေအနေကို အဓိကလေ့လာသုံးသပ်ရေးသားထားခြင်း ဖြစ်သည်။

အချက်အလက်အကျဉ်းချုပ်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ

  • စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပေါ် ရှုံချခဲ့သည့် ရခိုင်အမျိုးသားပါတီ (ANP)
  • အား UEC မှ ဆင့်ခေါ်သတိပေးခြင်း

    စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခြင်းနှင့် အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးရခြင်းတို့အပေါ် ရခိုင်အမျိုးသားပါတီ (ANP) က ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ချက်တစ်ရပ် ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပါတီတာဝန်ရှိသူများကို ဆင့်ခေါ်ခဲ့ပြီး နောက်နောင်တွင် ယင်းကဲ့သို့ "တဖက်သတ်ဆန်သော" ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းမပြုရန် သတိပေးတားမြစ်ခဲ့ကြောင်း သိရသည်။

    ၂၀၂၃ ခုနှစ် ဧပြီလ

  • စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ရခိုင်ပြည်လုံးဆိုင်ရာ
  • ကျောင်းသားလူငယ်များအစည်းအရုံး လှုပ်ရှား

    စစ်အုပ်ချုပ်ရေးစနစ်အောက်မှ လွတ်မြောက်နိုင်ရန်အတွက် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားလူငယ်များအစည်းအရုံးက ဦးဆောင်၍ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါလှုပ်ရှားမှုတွင် ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် မဲမပေးကြရန်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ခြင်းမပြုရန် တိုက်တွန်း နှိုးဆော်ထားသည်။

  • ရွေးကောက်ပွဲ ဥပဒေ၏ ကန့်သတ်ချက်များကြောင့် လူနည်းစုတိုင်းရင်းသားပါတီများ
  • ဖျက်သိမ်းခံရခြင်း

    ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဒိုင်းနက်အမျိုးသားတိုးတက်ရေးပါတီနှင့် ကမန် အမျိုးသားတိုးတက်ရေးပါတီတို့သည် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဥပဒေသစ်နှင့်အညီ ပြန်လည်မှတ်ပုံတင်နိုင်ခြင်း မရှိသဖြင့် နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်းခြင်း ခံလိုက်ရသည်။ ဒိုင်းနက်နှင့် ကမန်အမျိုးသားတိုးတက်ရေးပါတီ တာဝန်ရှိသူများက ၎င်းတို့သည် ပါတီအဖြစ် ရပ်တည်နေစဉ်ကာလအတွင်း၌ပင် အခြားနိုင်ငံရေးပါတီများကဲ့သို့ အခွင့်အရေးအပြည့်အဝ မရရှိခဲ့ကြောင်းနှင့် မိမိတို့လူမျိုးစု၏ အခက်အခဲများကို တင်ပြခွင့်ရသည့်အဆင့်မျှသာ ရှိခဲ့ကြောင်း ကို ဒေသတွင်းမီဒီယာ တချို့တွင် ထုတ်ဖော်ပြောကြားခဲ့ကြသည်။

    ၂၀၂၃ ခုနှစ် ဇူလိုင်လ

  • ရခိုင်နိုင်ငံရေးပါတီများ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မပတ်သက်ရန် UEC က
  • သတိပေး

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့တွင် စစ်တွေမြို့၌ စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့(UEC) သည် ရခိုင်ပြည်နယ်အတွင်း မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၅ ခုဖြစ်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ခမီတိုင်းရင်းသားပါတီနှင့် မြိုအမျိုးသားတိုးတက်ရေးပါတီ တို့နှင့် တွေ့ဆုံခဲ့သည်။ ထိုအစည်းအဝေးတွင် UEC က နိုင်ငံရေးပါတီများအနေဖြင့် ကော်မရှင်၏ ဥပဒေ၊ စည်းမျဉ်းများကို တိကျစွာလိုက်နာရန်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းမပြုရန် ပြင်းထန်စွာ သတိပေးခဲ့သည်။

    ၂၀၂၃ ခုနှစ် နိုဝင်ဘာလ

  • မှတ်ပုံတင်ခွင့်ရထားသည့် မြို့တိုင်းရင်းသားပါတီ ရွေးကောက်ပွဲ ဥပဒေအကန့်အသတ်
  • ကြောင့် ပြန်လည် ဖျက်သိမ်း ခံရ

    စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံတွင် အသစ်ပြန်လည်မှတ်ပုံတင်ခွင့် ရရှိထားပြီးဖြစ်သော်လည်း မြိုတိုင်းရင်းသားပါတီ (MNP) သည် ဥပဒေပါ သတ်မှတ်ချက်များကို အချိန်မီ မဖြည့်ဆည်းနိုင်သဖြင့် ပါတီအဖြစ်မှ ပြန်လည်ဖျက်သိမ်းခြင်း ခံခဲ့ရသည်။ ပါတီဖျက်သိမ်းခံရခြင်း၏ အဓိကအကြောင်းရင်းများမှာ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား ၁,၀၀၀ ပြည့်မီအောင် စည်းရုံးနိုင်ခြင်းမရှိခြင်းနှင့် ရက်ပေါင်း ၁၈၀ အတွင်း ... အပြည့်စုံဖတ်ရန်

    | Download the full report to read more!

    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

    The CAS is an independent, non-partisan and research-oriented group conducting research and analyzing issues related to Arakan/Rakhine affairs.

    Learn More

    Monthly Report | May 2023

    Response to Cyclone Mocha in Rakhine State

    This report aims to provide an update and comprehensive information regarding the strike of Cyclone Mocha on the coast of Arakan on May 14, 2o23. But, as it is released as a part of the ‘Monthly Report’, the content of the work will only cover the cyclone-related information during the month of ‘May’.

    Center for Arakan Studies

    Monthly Report | March 2023

    While the junta’s forces and Arakan Army (AA) are now in an informal truce, the news of the registration of the political parties in Rakhine have become more prominent in March.

    Center for Arakan Studies

    Monthly Report | Febuary 2023

    In February 2023, both tensions and relaxation could be seen in politics in Rakhine State. Tensions between the Arakan Army, and junta forces happened due after the junta forces' reinforcement such as military types of equipment, patrol and,...

    Center for Arakan Studies

    Arakan Review: Return To War

    Just 20 months after a de facto ceasefire between the Myanmar military and the Arakan Army (AA), a series of armed clashes resumed in three locations in northern Rakhine,...

    Center for Arakan Studies