ဆုပ်လည်းစူး၊ စားလည်းရူး-

ဘင်္ဂလားဒေရှ့်ရောက် ရိုဟင်ဂျာဒုက္ခသည်များ ဘာကြောင့်

ပင်လယ်ခရီးကြမ်းနှင်ကြသလဲ

English | Myanmar

နိဒါန်း

(က) အဓိကအကြောင်းအရာ
ရိုဟင်ဂျာများ ဒုက္ခသည် စခန်းမှ အခြားနိုင်ငံသို့ ထွက်ပြေးရသည့် အကြောင်းအရင်းနှင့် အခြေအနေ

(ခ) နယ်မြေဒေသ
ဘင်္ဂလားဒေရှ့် နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများ

(ဂ) အချိန်ကာလ
၂၀၂၄ ခုနှစ် မတ်လ မှ ၂၀၂၆ ခုနှစ် ဧပြီလ အထိ

၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး (clearance operation) ခေါင်းစဉ်အောက်တွင် လူမျိုးတုန်းသတ်ဖြတ်မူထိ ကျူးလွန်ခဲ့နိုင်သည်ဟူသော အကြမ်းဖက်မူများကြောင့် ရခိုင်ပြည် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ သိန်းချီသော ရိုဟင်ဂျာများသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ အဆိုပါ ဒုက္ခသည်များသည် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် လုံခြုံဘေးကင်းရေးတို့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရကိုသာ အဓိက မှီခိုအားထား နေကြရသည်။ ရရှိသည့် ထောက်ပံ့ကူညီမှုများမှာ အခြေခံလိုအပ်ချက် ဖြည့်ဆည်းရုံမျှသာ ရှိသော်လည်း ဒုက္ခသည်များအနေဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ခံထားရသည့်အပြင်၊ နေထိုင်ရန် အဆောက်အအုံများနှင့် စာသင်ကျောင်းများ ဆောက်လုပ်ခွင့်ကိုပင် ပိတ်ပင်တားဆီးခံထားရသည်။

တစ်ဖက်တွင်လည်း နိုင်ငံတကာအဖွဲ့အစည်းများသည် ရန်ပုံငွေမလုံလောက်သည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသဖြင့် ဒုက္ခသည်စခန်းများရှိ သန်းဂဏန်းမျှရှိသော ရိုဟင်ဂျာများအတွက် စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများကို လျှော့ချလိုက်ရသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ရိုဟင်ဂျာဒုက္ခသည်များ နယ်စပ်ဖြတ်ကျော်၍ ထပ်မံဝင်ရောက် မလာစေရန် တားဆီးပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သို့သော် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ကြား ဖြစ်ပွားနေသည့် တကျော့ပြန်တိုက်ပွဲများကြောင့် ၂၀၂၄ အလယ်ပိုင်းလောက်မှစ၍ လူအမြောက်အများမှာ နယ်စပ်ဖြတ်ကျော်ကာ ထပ်မံဝင်ရောက်လာခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ရိုဟင်ဂျာများကို “ဒုက္ခသည်များ” ဟု တရားဝင်သတ်မှတ်ခြင်းမပြုဘဲ “အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းရသည့် မြန်မာနိုင်ငံသားများ” (Forcibly Displaced Myanmar Nationals) ဟုသာ သတ်မှတ်ခေါ်ဆိုထားသည်။

သို့သော်လည်း ထိုနိုင်ငံတွင် ယခင်ထက်ပိုမိုကျပ်တည်းသော ဘဝအခြေအနေများနှင့် ဆက်လက်ကြုံတွေ့နေရသောကြောင့် ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် တတိယနိုင်ငံများသို့ ထပ်မံထွက်ပြေးရန် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ကြိုးပမ်းလာကြသည်။

ယခုလေ့လာချက်သည် ဒေသတွင်းမီဒီယာများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ဖော်ပြ ချက်များ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ၊ သက်ဆိုင် ရာ နှစ်နိုင်ငံအစိုးရ၏ ထုတ်ပြန်ချက်များနှင့် မိမိတို့ အာရက္ခလေ့လာရေးစင်တာ Center for Arakan Studies (CAS) မှ ပြုလုပ်ခဲ့သော မေးမြန်းချက်များကို အဓိကအခြေခံ၍ ရေးသား ပြုစုထားခြင်း ဖြစ်သည်။

အချက်အလက်အကျဉ်းချုပ်

မတ်လ (၅) ရက်၊ ၂၀၂၄ ခုနှစ်

  • ထွက်ပြေးသည့် ရိုဟင်ဂျာများထံမှ လူမှောင်ခိုသမားများက စတာလင်ပေါင် ၃,၀၀၀ အထိ
  • ငွေညှစ်တောင်းခံနေ

    လူမှောင်ခိုကွန်ရက်များ ပိုမိုကျယ်ပြန့်လာခြင်းနှင့်အတူ ရိုဟင်ဂျာဒုက္ခသည်များသည် အန္တရာယ်ကြီးမားလှသည့် ပင်လယ်ရေကြောင်းခရီးစဉ်များအတွင်း သေဆုံးမှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် အနိုင်ကျင့်စော်ကားမှုများကို အကြီးအကျယ် ရင်ဆိုင်နေကြရသည်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများအတွင်းရှိ အခြေအနေများသည် တစ်နေ့တခြား ပိုမိုဆိုးရွားလာနေခြင်းကြောင့် ၎င်းတို့သည် လွတ်လပ်ခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေရန် အရှေ့တောင်အာရှသို့ ထွက်ပြေးတိမ်းရှောင်နိုင်ရေးအတွက် ရှိသမျှအရာအားလုံးကို ရင်းနှီးစွန့်စားနေကြရသည်။ သို့ရာတွင် ခရီးစဉ်စတင်သည်နှင့်တစ်ပြိုင်နက် လူမှောင်ခိုသမားများသည် ဒုက္ခသည်တစ်ဦးလျှင် စတာလင်ပေါင် ၃,၀၀၀ ခန့်အထိ ငွေညှစ်တောင်းခံလျက်ရှိသည်။

    အောက်တိုဘာလ (၁၉) ရက်၊ ၂၀၂၄ ခုနှစ်

  • ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်အချို့ သေဆုံးလျက် တွေ့ရှိရ
  • ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ဝေးလံခေါင်းပါးသော ဒေသတစ်ခုရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအနီးတွင် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသည့် ရိုဟင်ဂျာဒုက္ခသည်တစ်စုကို သံဃာတော်များက တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။ ၎င်းတို့အနက် အနည်းဆုံး ၁၀ ဦးမှ သတိလစ်မေ့မြောနေပြီး အများစုမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေနှင့် ရင်ဆိုင်နေရကာ နှစ်ဦးမှာမူ သေဆုံးနေခဲ့သည်။ အသက်ရှင် ကျန်ရစ်သူများကို အရေးပေါ်ဆေးဝါးကုသမှု ပေးနိုင်ရန်အတွက် အနီးရှိဆေးရုံများသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့ရသည်။

    အောက်တိုဘာလ (၂၄) ရက်၊ ၂၀၂၄ ခုနှစ်

  • ရိုဟင်ဂျာများသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရ
  • မြန်မာစစ်တပ်၏ ၂၀၁၇ ခုနှစ် စစ်ဆင်ရေးနောက်ပိုင်း ရိုဟင်ဂျာလူထုအပေါ် အပြင်းထန်ဆုံး အကြမ်းဖက်မှုများကို ကြုံတွေ့ခဲ့ရပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသစ်ထပ်မံရောက်ရှိလာသော ရိုဟင်ဂျာဒုက္ခသည်များသည် စားနပ်ရိက္ခာ၊ နေစရာအမိုးအကာနှင့် ဆေးဝါးကုသမှုများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ပြောကြားခဲ့သည်။ အထူးသဖြင့် အသစ်ရောက်ရှိလာသူများသည် မရှိမဖြစ်လိုအပ်သော အကူအညီအထောက်အပံ့များ ရရှိနိုင်ရေးအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် မှတ်ပုံတင်ခွင့်မရရှိကြသည့်အပေါ် စိုးရိမ်ပူပန်နေကြသည်။ ထိုသို့ မှတ်ပုံမတင်နိုင်သည့် အကျိုးဆက်ကြောင့် လူအများအပြားမှာ ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး ဆေးဝါးကုသမှုခံယူရန် မဖြစ်မနေလိုအပ်နေချိန်တွင်ပင် ပြည်နှင်ဒဏ်ပေးခံရမည်ကို စိုးရိမ်သဖြင့် အပြင်သို့ မထွက်ရဲဘဲ ဖြစ်နေကြရသည်။

    ဧပြီလ (၄) ရက်၊ ၂၀၂၅ ခုနှစ်

  • ရိုဟင်ဂျာ ၁၈၀,၀၀၀ ပြန်လည်လက်ခံရန် မြန်မာဘက်က အတည်ပြုကြောင်း
  • ဘင်္ဂလားဒေ့ရှ်ပြော

    မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာဒုက္ခသည် ၁၈၀,၀၀၀ ဦးကို ပြန်လည်လက်ခံရန် အရည်အချင်းပြည့်မီကြောင်း အတည်ပြုခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြောကြားခဲ့သည်။ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်သူ ရှာဖီကုရ် ရာမန်က ရိုက်တာသတင်းဌာနသို့ ပြောကြားရာတွင် “ဒီလောက်နှစ်တွေအများကြီး ကြာသွားပြီးမှ သူတို့က လူဦးရေ ၁၈၀,၀၀၀ ပဲ အတည်ပြုပေးတာပါ။ ဒါဟာ မျက်လှည့်ပြသက်သက်ထက် ဘာမှမပိုဘူးလို့ ခံစားရတယ်။ ကျွန်တော်တို့က စစ်မှန်တဲ့ ဖြေရှင်းချက်ကိုပဲ လိုချင်တာပါ” ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ “မြန်မာဘက်က ကျွန်တော်တို့ထဲက လူတချို့ကိုပဲ ရွေးချယ်လက်ခံတာမျိုး မဟုတ်ဘဲ အားလုံးကို ခြွင်းချက်မရှိ ပြန်လည်လက်ခံရမှာဖြစ်သလို၊ မိမိတို့ရဲ့ နိုင်ငံသားအခွင့်အရေး အပါအဝင် ရသင့်ရထိုက်တဲ့ အခွင့်အရေးအားလုံးကိုလည်း အသိအမှတ်ပြုရပါမယ်။ ဒါတွေမရှိဘဲနဲ့တော့ ဒီလုပ်ငန်းစဉ်ဟာ ... အပြည့်စုံဖတ်ရန်

    | Download the full report to read more!

    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

    The CAS is an independent, non-partisan and research-oriented group conducting research and analyzing issues related to Arakan/Rakhine affairs.

    Learn More

    Monthly Report | May 2023

    Response to Cyclone Mocha in Rakhine State

    This report aims to provide an update and comprehensive information regarding the strike of Cyclone Mocha on the coast of Arakan on May 14, 2o23. But, as it is released as a part of the ‘Monthly Report’, the content of the work will only cover the cyclone-related information during the month of ‘May’.

    Center for Arakan Studies

    Monthly Report | March 2023

    While the junta’s forces and Arakan Army (AA) are now in an informal truce, the news of the registration of the political parties in Rakhine have become more prominent in March.

    Center for Arakan Studies

    Monthly Report | Febuary 2023

    In February 2023, both tensions and relaxation could be seen in politics in Rakhine State. Tensions between the Arakan Army, and junta forces happened due after the junta forces' reinforcement such as military types of equipment, patrol and,...

    Center for Arakan Studies

    Arakan Review: Return To War

    Just 20 months after a de facto ceasefire between the Myanmar military and the Arakan Army (AA), a series of armed clashes resumed in three locations in northern Rakhine,...

    Center for Arakan Studies