အာရက္ခတပ်တော်နှင့် ကျောက်ဖြူတိုက်ပွဲများ

English | Myanmar

နိဒါန်း

(က) အဓိကအကြောင်းအရာ
ကျောက်ဖြူစစ်မျက်နှာ တိုးတက်ပြောင်းလဲမှုနှင့် တရုတ်-မြန်မာ မဟာဗျူဟာစီမံကိန်းနှင့် ဒေသခံများ၏ လူမှုစီးပွားအပေါ်သက်ရောက်မှုများအား လေ့လာခြင်း

(ခ) နယ်မြေဒေသ
ကျောက်ဖြူမြို့နယ်

(ဂ) အချိန်ကာလ
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ မှ ၂၀၂၆ ခုနှစ် ဇွန်လ အထိ

၂၀၂၅ ခုနှစ်အစောပိုင်းကာလမှ စတင်ခဲ့သော ကျောက်ဖြူ စစ်မျက်နှာပြင်မှ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ အကြား စစ်ရေးပဋိပက္ခများသည် ၂၀၂၆ ခုနှစ် ဇွန်လ အထိ တိုက်ပွဲပြင်းထန်မှုများ ဆက်လက်မြင့်တက်နေပြီး၊ နယ်မြေ ထိန်းချုပ်နိုင်ရေးအတွက် နှစ်ဖက်တပ်များ၏ စစ်ရေးလှုပ်ရှားများသည် ပိုမိုကျယ်ပြန့်လာလျက်ရှိသည်။ လက်ရှိအချိန်အထိ အချိန်ကြာရှည်ပြီး ပြင်းထန်လာသည့် စစ်ရေးအခြေအနေသည် ဒေသတွင်း လုံခြုံရေး၊ စီးပွားရေးလှုပ်ရှားမှုများနှင့် လူမှုစီးပွားဘဝအပေါ် ထိခိုက်သက်ရောက်မှုများ ဖြစ်ပေါ်စေသည်။

အထူးသဖြင့် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများအတွင်း မြေပြင်လုံခြုံရေးအခြေအနေ မတည်ငြိမ်မှုများနှင့် နယ်မြေထိန်းချုပ်မှုဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ ထိုကဲ့သို့ စစ်ရေးလှုပ်ရှားမှုများသည် တစ်ဖက်တွင် စစ်ရေးတင်းမာမှုကို တိုးမြှင့်စေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ဒေသခံပြည်သူများသည် လုံခြုံရေး မတည်ငြိမ်မှုများနှင့် စစ်ဘေးမှကင်းလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရခြင်း၊ စစ်ဘေးသင့်ဒေသများတွင် စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်မှုများအပြင်၊ အတင်းအဓမ္မဖျက်ဆီးခြင်းများကြောင့် နေအိမ်နှင့် ပိုင်ဆိုင်မှုများလည်း ထိခိုက်ဆုံးရှုံးလျက်ရှိသည်။ သွားလာရေးကန့်သတ်မှုများ၊ စျေးနှုန်းမြင့်တက်မှုများနှင့် အလုပ်အကိုင်အခွင့်အလမ်း လျော့နည်းလာမှုတို့ကြောင့် ဒေသခံလူမှုစီးပွားဘဝအပေါ် သိသာထင်ရှားသော သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့အပြင် ကျောက်ဖြူဒေသရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒေါ်လာဘီလီယံချီစီမံကိန်းများဖြစ်သည့် ရေနံ–သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများ လည်ပတ်လျှက်ရှိပြီး၊ တဖက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် (Kyaukphyu Special Economic Zone- KPSEZ) နှင့် ရေနက်ဆိပ်ကမ်းများ ဆောက်လုပ်ရန် အစီအစဉ်ရှိသောကြောင်း ဒေသတွင်း ပထဝီနိုင်ငံရီးအရ ထိလွယ်ရှလွယ်ဖြစ်သော အခြေအနေလည်းဖြစ်သည်။ ကျောက်ဖြူဒေသရှိ စစ်ရေးအခြေအနေများနှင့် ဒေသတွင်း စီးပွားရေး စီမံကိန်းများ ဆက်လက် လည်ပတ်နိုင်ရေးသည် အပြန်အလှန် သက်ရောက်မှုရှိနေသည်။

သို့ဖြစ်ပါ၍ ယခုလေ့လာချက်သည် ကျောက်ဖြူဒေသတွင်း စစ်ရေးအခြေအနေဖြစ်ပေါ်တိုးတက်မှု၊ စီမံကိန်းဆိုင်ရာ လှုပ်ရှားမှုများနှင့် ဒေသခံလူမှုစီးပွားအပေါ် သက်ရောက်မှုများကို အခြေခံ၍ ဆက်စပ်အခြေအနေများကို လေ့လာသုံးသပ်နိုင်ရန် ဒေသတွင်းမီဒီယာများမှ ဖော်ပြချက်များ နှင့် ဒေသခံပြည်သူများ၏ ပြောကြားချက်များအပေါ် အခြေခံ၍ ရေးသား ပြုစုထားခြင်း ဖြစ်သည်။

အချက်အလက်အကျဉ်းချုပ်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ

  • အာရက္ခတပ်တော်မှ ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ် နှင့် အမှတ် (၃၂) ရဲတပ်ရင်းကို
  • ထိုးစစ်ဆင်

    ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်၍ အာရက္ခတပ်တော်သည် ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ် ဌာနချုပ် ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် အမှတ်(၃၂) ရဲတပ်ရင်းနှင့် ရေတပ်အနီးရှိ စည်မော်ကျေးရွာ ကာကင်းစခန်းကိုပါ တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းနှင့် ရေတပ်ပစ်ကူများ အသုံးပြုခဲ့ပြီး ရေတပ်စခန်းအနီးရှိ ကျေးရွာများသို့ အဆက်မပြတ် ပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်မှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

  • တရုတ်စီမံကိန်းများကို ကာကွယ်ရန် ကျောက်ဖြူ၌ တရုတ်လက်နက်ကိုင်
  • ကြေးစားတပ်ဖွဲ့များ လုံခြုံရေးတာဝန်ယူနေကြောင်း သတင်းများထွက်ပေါ်

    ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်၍ တရုတ်လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦး သည် ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာရှိ Power China စက်ရုံတွင် အခြေချနေထိုင်လျက်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ၎င်းတို့သည် စက်ရုံနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏ လုံခြုံရေးကို တာဝန်ယူဆောင်ရွက်နေပြီး CCTV နှင့် ကျည်ကာမှန်များ တပ်ဆင်ခြင်းကဲ့သို့သော လုံခြုံရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

  • ကျောက်ဖြူတိုက်ပွဲကြား SEZ နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရန် စစ်ကောင်စီ ဖိအားပေး
  • ကျောက်ဖြူမြို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း စစ်ကောင်စီသည် တရုတ်အမျိုးသားပိုင်ကုမ္ပဏီ CITIC နှင့် ပူးပေါင်းသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ) နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ရန် ပြင်ဆင်နေသည်။ စီမံကိန်းကို ၂၀၂၀ သဘောတူစာချုပ်နှင့် ၂၀၂၃ နောက်ဆက်တွဲစာချုပ်အရ လုပ်ဆောင်နေပြီး Long Stop Date သက်တမ်းမှာ လာမည့် ဇွန်လတွင် ကုန်ဆုံးမည်ဖြစ်သည်။ စီမံကိန်းအကောင်အထည်ဖော်ရန် အချက်များကို သတ်မှတ်ကာလအတွင်း ပြီးမြောက်ရန် စစ်ကောင်စီက ဖိအားပေးဆောင်ရွက်နေသည်။ စီမံကိန်းသည် ကျောက်ဖြူမြို့နယ်အတွင်း ဧက ၄,၂၀၀ ကျော်တွင် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် လူနေအိမ်ရာများပါဝင်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံခန့်ရှိသည်။

    ၂၀၂၅ ခုနှစ် ဇူလိုင်လ

  • ရခိုင်တပြည်လုံး ဖုန်းနှင့် အင်တာနက်လိုင်းများ လုံးဝ ပြတ်တောက်
  • တကျော့ပြန်တိုက်ပွဲများစတင်ဖြစ်ပွားသည့် အစောပိုင်းကာလများတွင် ရခိုင်ပြည်ရှိ မြို့နယ်များ၏ တချို့သော ဒေသများတွင် ဆက်သွယ်ရေးလိုင်းများ ရံဖန်ရံခါ ရရှိခဲ့သော်လည်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်မှ စတင်ကာ ရခိုင်တပြည်လုံးအတိုင်းအတာ ဖြင့် ဖုန်းနှင့် အင်တာနက်လိုင်းများ လုံးဝပြတ်တောက်သွားခဲ့သည်။

    ၂၀၂၅ ခုနှစ်၊ မတ်လ

  • စစ်ရေးတင်းမာနေသော်လည်း မဒေးကျွန်း တရုတ်စီမံကိန်းများ ဆက်လက်လည်ပတ်
  • ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေသော်လည်း မဒေးကျွန်းရှိ တရုတ်ရေနံနှင့် ဓာတ်ငွေ့စီမံကိန်းများမှာ လုပ်ငန်းရပ်နားခြင်းမရှိဘဲ ပုံမှန်လည်ပတ်နေသည်။ ရေနံသိုလှောင်နှင့် သန့်စင် စက်ရုံများတွင် တရုတ်ရေနံတင်သင်္ဘောများ ဆိုက်ကပ်ကာ လုပ်ငန်းများ ဆက်လက်လည်ပတ်နေပြီး ပိုက်လိုင်းများမှတဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ သယ်ယူပို့ဆောင်နေသည်။ စီမံကိန်းအနီးအနားတွင် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း စီမံကိန်းများ မထိခိုက်ဘဲ ဆက်လက်လည်ပတ်နေခြင်းဖြစ်ပြီး၊ လုံခြုံရေးအတွက် သက်ဆိုင်ရာအဖွဲ့များအကြား ... အပြည့်စုံဖတ်ရန်

    | Download the full report to read more!

    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

    The CAS is an independent, non-partisan and research-oriented group conducting research and analyzing issues related to Arakan/Rakhine affairs.

    Learn More

    Monthly Report | May 2023

    Response to Cyclone Mocha in Rakhine State

    This report aims to provide an update and comprehensive information regarding the strike of Cyclone Mocha on the coast of Arakan on May 14, 2o23. But, as it is released as a part of the ‘Monthly Report’, the content of the work will only cover the cyclone-related information during the month of ‘May’.

    Center for Arakan Studies

    Monthly Report | March 2023

    While the junta’s forces and Arakan Army (AA) are now in an informal truce, the news of the registration of the political parties in Rakhine have become more prominent in March.

    Center for Arakan Studies

    Monthly Report | Febuary 2023

    In February 2023, both tensions and relaxation could be seen in politics in Rakhine State. Tensions between the Arakan Army, and junta forces happened due after the junta forces' reinforcement such as military types of equipment, patrol and,...

    Center for Arakan Studies

    Arakan Review: Return To War

    Just 20 months after a de facto ceasefire between the Myanmar military and the Arakan Army (AA), a series of armed clashes resumed in three locations in northern Rakhine,...

    Center for Arakan Studies