ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်များ၏ အခြေအနေ

လုံခြုံရေး၊ လူမှုစီးပွားဘဝနှင့် အခြေခံဝန်ဆောင်မှုများ လက်လှမ်းမီရေးဆိုင်ရာ စိန်ခေါ်မှုများ

စစ်ဘေးရှောင်များနှင့် လူသားချင်းစာနာမှုဆိုင်ရာကဏ္ဍ
English | Myanmar

နိဒါန်း

(က) အဓိကအကြောင်းအရာ
ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များ၏ လုံခြုံရေးနှင့် အရပ်သားကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ရရှိရေး၊ စားနပ်ရိက္ခာနှင့် အသက်မွေးဝမ်းကျောင်း၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေအနေများကို လေ့လာခြင်း

(ခ) နယ်မြေဒေသ
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်များ နေထိုင်ရာ မြို့နယ်များနှင့် စစ်ဘေးရှောင်စခန်းများ

(ဂ) အချိန်ကာလ
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ

၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည်၌ စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် လုံခြုံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် အရပ်သားများ နေရပ်စွန့်ခွာထွက်ပြေးရမှုများ ဆက်လက်ရှိနေပြီး စစ်ဘေးရှောင်များ၏ လူမှုစီးပွားဘဝနှင့် အခြေခံဝန်ဆောင်မှုများ လက်လှမ်းမီရရှိရေးအပေါ် သိသာထင်ရှားသော သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လုံခြုံရေးနှင့် အရပ်သားကာကွယ်ရေးဆိုင်ရာ စိုးရိမ်မှုများ မြှင့်တက်လာသကဲ့သို့ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ နေထိုင်စရာနှင့် အခြားအခြေခံလိုအပ်ချက်များ ရရှိရေးမှာလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာအခွင့်အလမ်းများ လျော့နည်းလာခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လက်လှမ်းမီမှု အကန့်အသတ်ရှိခြင်းတို့က စစ်ဘေးရှောင်မိသားစုများ၏ ထိခိုက်လွယ်မှုကို ပိုမိုမြင့်တက်စေသည်။

အလားတူပင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင်လည်း စစ်ဘေးရှောင်ကလေးများ၏ ပညာသင်ယူခွင့် ဆုံးရှုံးမှု၊ ကျောင်းသုံးပစ္စည်းနှင့် ပညာရေးကုန်ကျစရိတ်များကို မတတ်နိုင်မှု၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် အခက်အခဲများအပြင် ရေကြီးမှုနှင့် ကူးစက်ရောဂါများကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးအန္တရာယ်များကိုပါ ရင်ဆိုင်နေရသည်။ ယင်းအခြေအနေများသည် စစ်ဘေးရှောင်များ၏ လက်ရှိဘဝလုံခြုံရေးနှင့် အခြေခံလိုအပ်ချက်များအပေါ်သာမက ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် မိသားစုများ၏ ရေရှည်ပြန်လည်ထူထောင်ရေးအပေါ်ကိုပါ သက်ရောက်မှုရှိနေသည်။

ဤလေ့လာချက်သည် ၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များ၏ အခြေအနေကိုသာ အဓိကအာရုံစိုက်၍ လုံခြုံရေးနှင့် အရပ်သားကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရေး၊ စားနပ်ရိက္ခာနှင့် အသက်မွေးဝမ်းကျောင်း၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေအနေများကို ခြုံငုံသုံးသပ်ထားသည်။ ဒေသတွင်းသတင်းမီဒီယာများ၊ သက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များကို အခြေခံ၍ စစ်ဘေးရှောင်များ၏ လိုအပ်ချက်များ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိကစိန်ခေါ်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လိုအပ်ချက်များကို ဖော်ထုတ်တင်ပြရန် ရည်ရွယ်သည်။

အချက်အလက်အကျဉ်းချုပ်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ

  • စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်မြို့ပေါ်နေပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးရ (Western News)
  • ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲနှင့် ငပလီဒေသများရှိ ပြည်သူများ လုံခြုံရေးစိုးရိမ်မှု မြင့်တက်လာခဲ့သည်။ ဒီဇင်ဘာ ၃၁ ရက်နေ့ သံတွဲမြို့ပေါ် လေကြောင်းတိုက်ခိုက်မှုအပြီး ပြည်သူထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြပြီး၊ အချို့မှာ ကျေးလက်ဒေသများနှင့် လူနေထိုင်မှုနည်းပါးသော နေရာများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

  • ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်များ သောက်သုံးရေရှားပါးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှုများ ရင်ဆိုင်နေရ (DMG၊ BNA)
  • ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ဖော်ပြချက်များအရ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများကြောင့် ကျောက်ဖြူမြို့နယ်တွင် နေရပ်စွန့်ခွာသူ ၃၀,၀၀၀ မှ ၅၀,၀၀၀ ကျော်အထိ ရှိလာခဲ့ကြောင်း သတင်းဌာနများက ဖော်ပြသည်။ စစ်ဘေးရှောင်များသည် တောတောင်များ၊ လယ်ကွင်းများ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ယာယီခိုလှုံနေကြရပြီး သန့်ရှင်းသော သောက်သုံးရေ၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ မလုံလောက် သည့်အပြင် လူကြီးနှင့် ကလေးငယ်များတွင် အရေပြားရောဂါများလည်း ဖြစ်ပွားနေသည်။ လူမှုကူညီရေးအဖွဲ့များက ရေတွင်းတူးဖော်ခြင်းနှင့် ရေသိုလှောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း စစ်ဘေးရှောင်များအတွက် အခြေခံလိုအပ်ချက်များနှင့် အရေးပေါ်ကျန်းမာရေးအကူအညီများ ဆက်လက်လိုအပ်နေကြောင်း ဖော်ပြထားသည်။

    | Download the full report to read more!

    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

    The CAS is an independent, non-partisan and research-oriented group conducting research and analyzing issues related to Arakan/Rakhine affairs.

    Learn More

    Monthly Report | September 2026
    Junta Air Strike Massacres Civilians in Kyauktaw’s Indian Market in Arakan

    September 2026 saw intensified fighting between the Myanmar military and the Arakan Army across Sittwe, Ponnagyun, Kyaukphyu and other fronts. The junta launched its so-called “Operation 4926,” using airstrikes, artillery, drones, naval forces and ground offensives, while the AA counterattacked and captured several junta outposts. Despite reported junta casualties and retreats, military operations continued, including the Kyindwe offensive launched at the end of the month.

    Center for Arakan Studies

    Monthly Report | August 2026
    ULA Expands Governance and Conducts Anti-Drug Measures in Arakan

    Throughout August 2026, the junta and AA engaged in intense conflict, with the regime relying on punitive airstrikes against civilians to compensate for ground losses, as acknowledged by the AA on August 6. The ULA/AA expanded governance by imposing curfews, banning underage motorcycle driving, creating a special court for rape and major crimes, introducing a 50% tax on alcohol and tobacco, and sentencing the Ponnagyun rape-murder perpetrator to death.

    Center for Arakan Studies

    Monthly Report | July 2026
    Targeted Airstrikes and Catastrophic Floods Worsen Arakan’s Humanitarian Crisis

    The ULA consolidated control across Arakan State in July 2026 through banking system establishment, business licensing, and renaming Minbya and Pauktaw to historic titles on July 29. The junta responded with relentless airstrikes killing at least 12 civilians and bombing a POW camp in Maungdaw that killed four detainees, while ground clashes intensified around Kyaukphyu, Sittwe, and the Rakhine-Magway border.

    Center for Arakan Studies

    Monthly Report | June 2026
    Rainy Season Brings Increasing Challenges Under Junta Air Attacks

    The AA significantly expanded control in June 2026, encircling Kyaukphyu's naval station and repelling a major junta offensive along the Rakhine-Magway border, killing 30 troops and capturing over 20 soldiers. The junta responded with intensified airstrikes and troop reinforcements while conducting mass civilian arrests in Sittwe and Ramree on suspicion of AA ties. Min Aung Hlaing visited China for official recognition and trade deals, while Bangladesh began to claim the facilitation of junta-AA talks on refugee repatriation.

    Center for Arakan Studies

    Monthly Report | May 2026
    Ongoing Human Rights Violations and Socioeconomic Crisis Amidst Military Tension

    The Arakan Army (AA) significantly expanded territorial control and state-like governance functions in May 2026, seizing junta camps, issuing vehicle licenses, releasing prisoners of war, and conducting cross-border diplomacy with Bangladesh. The Myanmar Junta responded with cluster bomb attacks, daily airstrikes, and a multi-front offensive, but struggled with forced conscription failures and the loss of key battalions as the AA gained both military ground and popular legitimacy.

    Center for Arakan Studies