ခက်ခဲသော ရွေးချယ်မှုများကြား ဒွိဟဖြစ်ရခြင်း

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြား ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်နေရာချထားရေးကိစ္စကို ရှုပ်ထွေးဆန်းပြားမှုသီအိုရီ (Complexity Theory) ဖြင့် လေ့လာဆန်းစစ်ခြင်း
English | Myanmar

အကျဉ်းချုပ်

ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေးပြဿနာသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ကာလအရှည်ကြာဆုံး ဖြစ်ပွားနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုဖြစ်သည်။ ဤလေ့လာမှုသည် ပြဿနာတွင် ပါဝင်ပတ်သက်သူများ ကွဲပြားစုံလင်ခြင်း (heterogeneity of agents)၊ ပြဿနာကို တာဝန်ယူဖြေရှင်းမည့် ဦးဆောင်သူမဲ့ဖြစ်နေခြင်း (absence of problem ownership)၊ မူဝါဒသဘောထားကျင့်သုံးမှု ခြားနားနေခြင်း (uneven policy adoptions) နှင့် အကျိုးအကြောင်းရလဒ်များ တပြေးညီတည်းမဟုတ်ဘဲ ရှုပ်ထွေးနေခြင်း (non-linearity) စသည့် အဓိကသွင်ပြင်လက္ခဏာ (၄) ရပ်ကို ရှုပ်ထွေးမှုသီအိုရီ (complexity theory) အသုံးပြု၍ လေ့လာဆန်းစစ်ထားသည်။ ဤအကျပ်အတည်းသည် ၁၉၇၈ ခုနှစ်မှစ၍ အကြိမ်ကြိမ် အလုံးအရင်းဖြင့် နေရပ်စွန့်ခွာမှုများမှတစ်ဆင့် ပိုမိုကြီးထွားလာခဲ့ပြီး ၂၀၁၇ ခုနှစ် ထွက်ပြေးတိမ်းရှောင်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ရိုဟင်ဂျာဒုက္ခသည် ၉၆၃,၀၀၀ ခန့် ရောက်ရှိခဲ့သည်ဟု မှတ်တမ်းတင်ထားကြသည်။ မူလက နှစ်နိုင်ငံအကြား သဘောတူညီချက်များဖြင့်သာ အကောင်အထည်ဖော်ရန် ဆောင်ရွက်ခဲ့သော နေရပ်ပြန်ရေးလုပ်ငန်းစဉ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု၊ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (ULA/AA) ၏ နယ်မြေစိုးမိုးမှု အပြောင်းအလဲများနှင့် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များအပေါ် ဆက်လက်ရင်ဆိုင်နေရသည့် နိုင်ငံတကာတရားစီရင်ရေး လုပ်ငန်းစဉ်များကြောင့် ပိုမိုရှုပ်ထွေးလာခဲ့သည်။

ပါဝင်ပတ်သက်သူများ ကွဲပြားစုံလင်နေခြင်းသည် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ အဓိက အစုအဖွဲ့များတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအစိုးရများ၊ ကိုယ်စားပြုမှု အကွဲကွဲအပြားပြားဖြစ်နေသော ရိုဟင်ဂျာဒုက္ခသည် အသိုက်အဝန်း၊ ဒုက္ခသည်စခန်းအခြေပြု အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့များ (ARSA, RSO, ARA, RIM)၊ ပြည်ပရောက် ရိုဟင်ဂျာကွန်ရက်များ၊ မြေပြင်တွင် လက်တွေ့အာဏာကျင့်သုံးနေသည့် ULA/AA၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒေသတွင်း/ကမ္ဘာ့အင်အားကြီးနိုင်ငံများ (တရုတ်၊ အိန္ဒိယ၊ အာဆီယံ၊ အိုအိုင်ဆီ (OIC)၊ အီးယူ (EU)၊ အမေရိကန်) တို့ ပါဝင်သည်။ ဒုက္ခသည်အသိုက်အဝန်းအတွင်း၌လည်း ရိုဟင်ဂျာ ညီညွှတ်ရေးကောင်စီ (United Council of Rohingya, UCR)၊ စခန်းအခြေပြု အဖွဲ့များ လက်နက်ကိုင်အုပ်စုများနှင့် ပြည်ပရောက်မဟာမိတ်အဖွဲ့များစသည့် ပြိုင်ဘက်အစုအဖွဲ့များအကြား သဘောထားကွဲလွဲမှုများ ကြီးမားစွာ ရှိနေသည်။ ဤသို့ အကျိုးစီးပွားချင်း မတူညီသော ပါဝင်ပတ်သက်သူများ များပြားနေခြင်းကြောင့် မည်သည့်အဖွဲ့အစည်းကမျှ နေရပ်ပြန်ရေးရလဒ်ကို တဖက်သတ် ဆုံးဖြတ်ဆောင်ရွက်နိုင်ခြင်း မရှိသည့် အခြေအနေကို ဖြစ်ပေါ်စေသည်။

အရေးပါသော နောက်ထပ်သွင်ပြင်လက္ခဏာတစ်ခုမှာ ပြဿနာအပေါ် မည်သူက အဓိကတာဝန်ယူရမည်ဆိုသည့် အချက်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် အဓိကတာဝန်ရှိသော အချုပ်အခြာအာဏာပိုင် နိုင်ငံများဖြစ်သော်လည်း တစ်ဖက်နှင့်တစ်ဖက် တာဝန်လွှဲချနေကြသည်။ မြန်မာဘက်က လုပ်ထုံးလုပ်နည်းများ ချမှတ်ထားပြီးဖြစ်ကြောင်း ပြောဆိုနေချိန်တွင် ဘင်္ဂလားဒေ့ရှ်ဘက်ကမူ မြန်မာနိုင်ငံအနေဖြင့် နေရပ်ပြန်နိုင်မည့် ခိုင်မာသောအခြေအနေများကို ဦးစွာဖန်တီးပေးရမည်ဟု တုံ့ပြန်သည်။ ရိုဟင်ဂျာလူထုတွင် နေရပ်ပြန်ရန်/မပြန်ရန် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသော်လည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှု၊ လူမျိုးအမည်ခံယူခွင့်၊ လုံခြုံရေးအာမခံချက်နှင့် ဆုံးရှုံးသွားသော ပိုင်ဆိုင်မှုများ ပြန်လည်ရရှိရေး စသည့် ၎င်းတို့၏ တောင်းဆိုချက်များမှာ လျစ်လျူရှုခံထားရဆဲ ဖြစ်သည်။ ပြန်လည်နေရာချထားရေးအတွက် သတ်မှတ်ထားသော နယ်စပ်မြို့နယ်များကို ထိန်းချုပ်ထားသည့် ULA/AA သည် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု မရရှိသေးသော်လည်း မပါမဖြစ် အဓိကအခန်းကဏ္ဍသို့ ရောက်ရှိလာသည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အင်အားစုများသည်လည်း အမှန်တကယ် လက်တွေ့အကောင်အထည်ဖော်နိုင်သည့် အာဏာမရှိဘဲ ဩဇာလွှမ်းမိုးမှုသာ ရှိနေကြရာ၊ တာဝန်ယူမှုအပိုင်း အစိတ်စိတ်အမြွာမြွာ ကွဲပြားနေခြင်းက ဤပြဿနာကို ရှေ့မတိုးသာအောင် ပိတ်ဆို့ထားစေသည်။

ဤပြဿနာသည် လုပ်ဆောင်ချက်တစ်ခုက မျှော်မှန်းမထားသော အကျိုးဆက်များကို ဆင့်ကဲဖြစ်ပေါ်စေသည့် တပြေးညီတည်းမဟုတ်သော လက္ခဏာရပ်များလည်း ထင်ရှားစွာ ပြသနေသည်။ နေရပ်စွန့်ခွာမှု ကာလရှည်ကြာလာခြင်းကြောင့် ဒေသခံများနှင့် တင်းမာမှုများဖြစ်ပေါ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်မှုများ များပြားလာခြင်း၊ ဘာဆန်ချာကျွန်း (Bhasan Char) သို့ အတင်းအကျပ် နေရာရွှေ့ပြောင်းခံရခြင်း၊ လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ခံရခြင်းနှင့် မလေးရှားနှင့် အိန္ဒိယနိုင်ငံများသို့ ဒုတိယအကြိမ် ထပ်မံရွှေ့ပြောင်းသွားလာခြင်းများ ဖြစ်ပေါ်စေခဲ့သည်။ မြန်မာနိုင်ငံဘက်ခြမ်းတွင်လည်း ULA/AA ၏ နယ်မြေထိန်းချုပ်နိုင်မှု မြင့်တက်လာခြင်း၊ စစ်ကောင်စီနှင့် ရိုဟင်ဂျာလက်နက်ကိုင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ ရှိလာခြင်း၊ မြေယာခွဲဝေမှုဆိုင်ရာ အငြင်းပွားမှုများနှင့် နှစ်ဖက်အပြန်အလှန် ကျူးလွန်သည့် ရာဇဝတ်မှုများသည် နေရပ်ပြန်ရေးအတွက် အတားအဆီးအသစ်များကို ဖန်တီးလျက်ရှိသည်။ ဤသို့ အချင်းချင်း အပြန်အလှန် ချိတ်ဆက်နေသော ရွေ့လျားမှုများသည် နေရပ်စွန့်ခွာမှုမှတစ်ဆင့် စိန်ခေါ်မှုအသစ်များကို ထပ်မံမွေးထုတ်ပေးနေပြီး၊ ယင်းစိန်ခေါ်မှုများကပင် မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး ရေရှည်တည်တံ့သော နေရပ်ပြန်ရေးကို ပိုမိုအဟန့်အတားဖြစ်စေသည့် အဆိုးသံသရာကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် နေရပ်စွန့်ခွာရမှုမှ မူလနေရာသို့ ပြန်လည်ရောက်ရှိရေးလမ်းကြောင်းသည် ဖြောင့်ဖြူးရိုးရှင်းသော လမ်းကြောင်းတစ်ခု မဟုတ်ကြောင်း ရှင်းလင်းစွာ တွေ့မြင်နိုင်ပေသည်။

နိဂုံးချုပ်

ရိုဟင်ဂျာများအား ပြန်လည်နေရာချထားရေး (repatriation) ပြဿနာကို ရှုပ်ထွေးမှုသီအိုရီ- Complexity Theory (CT) ဖြင့် လေ့လာကြည့်ရာတွင် ယင်းအကျပ်အတည်းသည် ပုံမှန်အားဖြင့် နိုင်ငံတစ်နိုင်ငံချင်းစီအကြား သဘောတူညီချက်သီးသန့်ဖြင့် ဖြေရှင်းနိုင်သည့် ပြဿနာမျိုးမဟုတ်ကြောင်း တွေ့ရသည်။ လေ့လာချက်အရ လက်ရှိပြန်လည်နေရာချထားရေး ရပ်တန့်နေမှုသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံဆိုင်ရာ အငြင်းပွားမှုတစ်ခုတည်းကြောင့် ဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ၊ အကျိုးစီးပွားနှင့် ရည်မှန်းချက်/ခံယူချက် မတူညီသည့်သူများစွာပါဝင်နေခြင်း၊ တာဝန်ယူမှုများ စုစည်းမှုမရှိဘဲဖြစ်နေခြင်း၊ မူဝါဒများ အပြန်အလှန်မကိုက်ညီခြင်းနှင့် ပြဿနာကို အချိန်နှင့်အမျှ ပိုမိုရှုပ်ထွေးစေပြီး တသမတ်တည်းမဟုတ်သော အပြန်အလှန်သက်ရောက်မှုများ (non-linear feedback loops) ကြောင့် ဖြစ်ပေါ်လာသော ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သည်။

ပါဝင်ပတ်သက်သူများ၏ မတူကွဲပြားမှု (heterogeneity of agents) သည် ရိုဟင်ဂျာဒုက္ခသည်စခန်းအခြေစိုက် အပြိုင်အဆိုင် လှုပ်ရှားနေသော အဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များမှသည် ပြည်ပရောက် ရိုဟင်ဂျာအဖွဲ့အစည်းများ၊ နိုင်ငံတော်အဆင့် အဖွဲ့အစည်းများစွာနှင့် ULA/AA ကဲ့သို့ မြေပြင်တွင် အမှန်တကယ် အာဏာသက်ရောက်နေသော အာဏာပိုင်အဖွဲ့များ (de facto authorities) အထိ ပါဝင်နေခြင်းကြောင့် ရိုဟင်ဂျာအသိုင်းအဝိုင်းကို ကိုယ်စားပြုရန်အတွက် လိုအပ်သော တရားဝင်မှု (legitimacy) သို့မဟုတ် ရေရှည်တည်တံ့သော ဖြေရှင်းချက်တစ်ရပ်ကို အကောင်အထည်ဖော်ရန် လိုအပ်သော စွမ်းရည်ကို ယခုကိစ္စနဲ့ စပ်လျဉ်းပါဝင်ပတ်သက်သူများထဲမှ တစ်ဦးတည်းကသာ ပိုင်ဆိုင်ထားခြင်း မရှိကြောင်း ဖော်ပြနေသည်။ ဤကွဲပြားမှုသည် ပြဿနာ၏ တာဝန်ယူပိုင်ဆိုင်မှု .... အပြည့်စုံဖတ်ရန်

Download the full report to read more!

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

The CAS is an independent, non-partisan and research-oriented group conducting research and analyzing issues related to Arakan/Rakhine affairs.

Learn More

Monthly Report | May 2023

Response to Cyclone Mocha in Rakhine State

This report aims to provide an update and comprehensive information regarding the strike of Cyclone Mocha on the coast of Arakan on May 14, 2o23. But, as it is released as a part of the ‘Monthly Report’, the content of the work will only cover the cyclone-related information during the month of ‘May’.

Center for Arakan Studies

Monthly Report | March 2023

While the junta’s forces and Arakan Army (AA) are now in an informal truce, the news of the registration of the political parties in Rakhine have become more prominent in March.

Center for Arakan Studies

Monthly Report | Febuary 2023

In February 2023, both tensions and relaxation could be seen in politics in Rakhine State. Tensions between the Arakan Army, and junta forces happened due after the junta forces' reinforcement such as military types of equipment, patrol and,...

Center for Arakan Studies

Arakan Review: Return To War

Just 20 months after a de facto ceasefire between the Myanmar military and the Arakan Army (AA), a series of armed clashes resumed in three locations in northern Rakhine,...

Center for Arakan Studies