ရခိုင်ပြည်တဝန်းမှ မသန်စွမ်းသူများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ

မသန်စွမ်းသူများ၏ အခက်အခဲနှင့် အကာအကွယ်ပေးရေးကဏ္ဍ

English | Myanmar

နိဒါန်း

(က) အဓိကအကြောင်းအရာ
မသန်စွမ်းပုဂ္ဂိုလ်များ ကြုံတွေ့နေရသော စိန်ခေါ်မှုများ

(ခ) နယ်မြေဒေသ
အာရက္ခပြည်တစ်ခုလုံး

(ဂ) အချိန်ကာလ
၂၀၂၄ ခုနှစ် သြဂုတ်လမှ ၂၀၂၆ ခုနှစ် အောက်တိုဘာလ အထိ

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၄.၆ ရာခိုင်နှုန်း ဖြစ်သည့် ၂.၃ သန်းသည် မသန်စွမ်းဦးရေ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ တဖန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရက ၂၀၁၉ ခုနှစ်တွင် မသန်စွမ်းဦးရေသည် နိုင်ငံလူဦးရေ၏ ၁၂.၈ ရာခိုင်နှုန်းဖြစ်သည့် ၆ သန်း ရှိကြောင်း ထုတ်ပြန်ထားသည်။ သို့သော် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကောက်ခံသည့် ၂၀၂၄ ခုနှစ် သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေအစီရင်ခံစာအရ အသက် (၅) နှစ်နှင့်အထက် လူဦးရေ၏ ၇.၆ ရာခိုင်နှုန်း ဖြစ်သည့် လူဦးရေ ၂.၃ သန်းခန့်တွင် တစ်မျိုးမျိုးသော မသန်စွမ်းမှုပုံစံ ရှိနေကြကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ၏ လေ့လာဆန်းစစ်ချက်များအရ မြန်မာနိုင်ငံ၌ လူဦးရေ ၁၃ ရာခိုင်နှုန်းဖြစ်သည့် ၅.၉ သန်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် စစ်ဘေးဒုက္ခသည်များအနက် ၁၅ ရာခိုင်နှုန်းမှာ မသန်စွမ်းမှု အမျိုးအစား တစ်ခုခုကို ကြုံတွေ့နေရသူများ ဖြစ်ကြသည်။ ထို့ပြင် စစ်ဘေးဒုက္ခသည် အိမ်ထောင်စုများ၏ ၄၀ ရာခိုင်နှုန်းတွင် မသန်စွမ်းသူ တစ်ဦး (သို့မဟုတ်) နှစ်ဦး ပါဝင်နေကြောင်း တွေ့ရှိရသည်။ မသန်စွမ်း လူဦးရေ ၅.၉ သန်းအနက် အမျိုးသမီး ၃.၅ သန်း ပါဝင်နေပြီး မသန်စွမ်း အမျိုးသမီးများသည် အမျိုးသားများထက် ပိုမိုခက်ခဲရှုပ်ထွေးသော အခြေအနေများနှင့် ရင်ဆိုင်နေကြရသည်။

၂၀၁၉ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အချက်အလက်များအရ လူဦးရေ ၃ သန်းကျော်ရှိသော ရခိုင်ပြည်တစ်ခုတည်း၌ပင် မသန်စွမ်းသူ ၅ သိန်းကျော်အထိ ရှိနေကြောင်း သိရှိရသည်။ သို့သော်လည်း လက်ရှိတွင် ဖြစ်ပွားလျက်ရှိသော စစ်ရေးပဋိပက္ခများနှင့် အကြမ်းဖက်မှုများကြောင့် မသန်စွမ်းသူ အရေအတွက်မှာ ယခင်ထက် ပိုမိုမြင့်တက်လာလျက်ရှိသည်။

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (UN Convention on the Rights of Persons with Disabilities - CRPD) ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူစာချုပ်အရ မသန်စွမ်းသူများသည် အခြားသူများနှင့်တန်းတူ အခြေခံလွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးများကို အပြည့်အဝ ရရှိခံစားနိုင်ခွင့် ရှိရမည် ဖြစ်သည်။

သို့သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၌ မသန်စွမ်းသူများသည် ပုံမှန်လူမှုဘဝ စိန်ခေါ်မှုများတင်မကဘဲ အသက်ရှင်ရပ်တည်ရေးအတွက်ပင် စိုးရိမ်ရသည့်အန္တရာယ်များနှင့် ခက်ခဲစွာ ရင်ဆိုင်နေကြရသည်။ မြန်မာစစ်တပ်သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် မသန်စွမ်းသူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မသန်စွမ်းအရေး လှုပ်ရှားသူများကို ဖမ်းဆီးထောင်ချခြင်းနှင့် လိုအပ်သော ဆေးဝါး/အကူအညီထောက်ပံ့မှုများကို ကန့်သတ်ပိတ်ပင်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ စစ်အာဏာသိမ်းချိန်မှ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအထိ မြန်မာစစ်တပ်၏ သတ်ဖြတ်မှုကြောင့် မသန်စွမ်းသူ အနည်းဆုံး ၁၁၇ ဦး သေဆုံးခဲ့ရပြီး၊ လက်ရှိအချိန်တွင် ထိုအရေအတွက်မှာ ယင်းထက်မက ပိုမိုမြင့်တက်နေပြီ ဖြစ်သည်။ မသန်စွမ်းဖြစ်နေသည့် စစ်ဘေးဒုက္ခသည် ကလေးသူငယ်များ၏ ၆၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိသည် ပညာသင်ကြားခွင့်အပါအဝင် အခြားသော အခြေခံကလေးသူငယ်အခွင့်အရေးများကို လုံးဝ ဆုံးရှုံးနေကြရသည်။

ယခုလေ့လာဆန်းစစ်ချက်သည် ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်များ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များ၊ မိမိတို့ အာရက္ခလေ့လာရေးစင်တာမှ ကောက်ယူထားသည့်အချက်အလက်များကို အဓိကအခြေခံပြီး စနစ်တကျ ပြုစုရေးသားထားခြင်း ဖြစ်သည်။

အချက်အလက်အကျဉ်းချုပ်

သြဂုတ်လ ၂၀၂၄ ခုနှစ်

  • တိုက်ပွဲကာလ ရခိုင်တွင် မသန်စွမ်းသူ ၅၀၀ ခန့်ထိ တိုးလာ (Myanmar Peace Monitor- MPM)
  • လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်မှု၊ မြေမြှုပ်မိုင်း ပေါက်ကွဲမှုနှင့် မပေါက်ကွဲသေးသော စစ်ကျန်လက်နက် ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ရုပ်ပိုင်းဆိုင်ရာ၊၊ အကြားအာရုံနှင့် အမြင်အာရုံဆိုင်ရာ မသန်စွမ်းမှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

    ရခိုင်ပြည်နယ် မသန်စွမ်းသူများအသင်း၏ အထွေထွေအတွင်းရေးမှူး မထွေးမေက “မသန်စွမ်းဖြစ်သွားကြတဲ့သူ အများစုက ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူတွေ ဖြစ်ကြပါတယ်။ အကြားအာရုံနဲ့ အမြင်အာရုံ ထိခိုက်ခဲ့သူတွေလည်း ရှိပါတယ်။ ဒါ့အပြင် မီးလောင်ဒဏ်ရာတွေကြောင့် မသန်စွမ်း ဖြစ်သွားရသူတွေလည်း ရှိပါတယ်” ဟု ပြောကြားခဲ့သည်။ အဖွဲ့အစည်း၏ မှတ်တမ်းများအရ မြောက်ဦးမြို့နယ်တွင် မသန်စွမ်းသူ ၂၃၀ ဦး၊ မင်းပြားမြို့နယ်တွင် ၁၂၉ ဦး၊ ကျောက်တော်မြို့နယ်တွင် ၉၀ ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ၄၇ ဦး ရှိသဖြင့် စုစုပေါင်း ၄၉၆ ဦး ရှိသည်။

    | Download the full report to read more!

    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

    The CAS is an independent, non-partisan and research-oriented group conducting research and analyzing issues related to Arakan/Rakhine affairs.

    Learn More

    Monthly Report | August 2025
    Fire from Sky and Sea: Junta Strikes Devastate Kyaukphyu and Mrauk-U

    Junta airstrikes and naval attacks in Kyaukphyu and Mrauk-U killed civilians, including 14 in Mrauk- U, displacing over 50,000 in Kyaukphyu by August 30.

    Center for Arakan Studies

    Monthly Report | July 2023
    Political Tensions Among Different Parties in Arakan Grow

    This report is a part of the monthly report series by the CAS. The report usually covers four key areas happening in the state of Rakhine. The first part covers the politics concerning the armed revolution, the junta activities and political freedom, etc.

    Center for Arakan Studies

    Monthly Report | May 2023
    Response to Cyclone Mocha in Rakhine State

    This report aims to provide an update and comprehensive information regarding the strike of Cyclone Mocha on the coast of Arakan on May 14, 2o23. But, as it is released as a part of the ‘Monthly Report’, the content of the work will only cover the cyclone-related information during the month of ‘May’.

    Center for Arakan Studies

    Monthly Report | March 2023
    Political Tensions Among Different Parties in Arakan Grow

    While the junta’s forces and Arakan Army (AA) are now in an informal truce, the news of the registration of the political parties in Rakhine have become more prominent in March.

    Center for Arakan Studies

    Monthly Report | February 2023
    In February 2023, both tensions and relaxation could be seen in politics in Rakhine State. Tensions between the Arakan Army, and junta forces happened due after the junta forces' reinforcement such as military types of equipment, patrol and,...

    Center for Arakan Studies