ရခိုင်ပြည်စစ်ရေးနှင့် ကုလားတန်စီမံကိန်း အလားအလာ

စစ်ရေး၊ နိုင်ငံရေးအပြောင်းအလဲနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ
English | Myanmar

နိဒါန်း

(က) အဓိကအကြောင်းအရာ
ရခိုင်ပြည်ရှိ စစ်ရေး၊ နိုင်ငံရေးအခြေအနေ အပြောင်းအလဲများဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသည့် ကုလားတန်စီမံကိန်း၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် အလားအလာ

(ခ) နယ်မြေဒေသ
ရခိုင်ပြည်အတွင်းရှိ ကုလားတန်စီမံကိန်းနှင့် သက်ဆိုင်သောဒေသများနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်

(ဂ) အချိန်ကာလ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ

ဘင်္ဂလားပင်လယ်အော်၏ အရှေ့ဘက်ကမ်းရိုးတန်းတွင်တည်ရှိသော ရခိုင်ပြည်သည် တောင်အာရှနှင့် အရှေ့တောင်အာရှအကြား ပထဝီနိုင်ငံရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်သွယ်မှုတို့အတွက် မဟာဗျူဟာမြောက် အရေးပါသည့်ဒေသတစ်ခုဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်လာသည်နှင့်အမျှ နယ်စပ်ဖြတ်ကျော် စီမံကိန်းများသည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၏ အဓိက မောင်းနှင်အားများ ဖြစ်လာခဲ့သည်။ ထိုစီမံကိန်းများအနက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းအကောင်အထည်ဖော်နေသည့် ကုလားတန် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Multi-Modal Transit Transport Project - KMMTTP) သည် မဟာဗျူဟာမြောက် အရေးပါဆုံး စီမံကိန်းတစ်ခု ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ “အရှေ့မျှော်မူဝါဒ” (Act East Policy) ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သော ကုလားတန်စီမံကိန်းသည် ကုန်းတွင်းပိတ် အိန္ဒိယအရှေ့မြောက်ပြည်နယ်များအတွက် ပင်လယ်ထွက်ပေါက်ရရှိစေရန်၊ ကျဉ်းမြောင်းသော ဆီလီဂူရီ စင်္ကြံ (Siliguri Corridor) အပေါ် မှီခိုနေရမှုကို လျှော့ချရန်နှင့် အရှေ့မြောက်ပြည်နယ်များသို့ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရန် ရည်မှန်းထားသည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံအနောက်ဘက်ခြမ်းရှိ ဖွံ့ဖြိုးမှု နောက်ကျကျန်နေသော ရခိုင်ပြည်နှင့်ချင်းပြည်တို့အတွက် ကုန်သွယ်ရေးအခွင့်အလမ်းသစ်များနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မည့် စီမံကိန်းတစ်ခုအဖြစ် မျှော်လင့်ထားကြသည်။ ထိုစီမံကိန်းကို ဒေါ်လာ သန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံကာ ဆောင်ရွက်နေခြင်းဖြစ်သည်။ စီမံကိန်းစတင်နိုင်ဖို့ အန္ဒိယအစိုးရဖက်က ၂၀၀၂ ခုနှစ်ကတည်းက စီစဉ်ခဲ့ကာ ၂၀၀၈ ခုနှစ်မှာ နှစ်နိုင်ငံကြား သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ စီမံကိန်း၏ မူလအစီအစဉ်အရ အဓိကအစိတ်အပိုင်း (၄) ခု ပါဝင်သည်။ ယင်းတို့မှာ-

၁။ ရေကြောင်း ပို့ဆောင်ရေး - အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကိုလ်ကတ္တား (Kolkata) သို့မဟုတ် ဟာဒီယာ (Haldia) ဆိပ်ကမ်းမှ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်း (Sittwe Port) အထိ ပင်လယ်ရေကြောင်းဖြင့် ကုန်စည်သယ်ယူရန်၊

၂။ မြစ်ကြောင်း ပို့ဆောင်ရေး - စစ်တွေဆိပ်ကမ်းမှ ကုလားတန်မြစ်အတိုင်း ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့ (Paletwa) အထိ မြစ်ကြောင်းအတိုင်း သင်္ဘောများဖြင့် ဆက်လက် သယ်ယူရန်၊

၃။ ကုန်းလမ်း ပို့ဆောင်ရေး - ပလက်ဝမြို့မှ ချင်းပြည်နယ်ကိုဖြတ်၍ အိန္ဒိယ-မြန်မာ နယ်စပ်ရှိ ဇိုရမ်ပူ (Zorinpui) အထိ ကားလမ်းဖောက်လုပ်ရန်၊

၄။ နယ်စပ်ဖြတ်ကျော် ကုန်းလမ်းဆက်သွယ်မှု - နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ အဓိက မဟာဗျူဟာလမ်းမကြီးများနှင့် ချိတ်ဆက်ရန် တို့ဖြစ်ပါသည်။

ကုလားတန်စီမံကိန်း အစိတ်အပိုင်းဖြစ်သည့် စစ်တွေမြို့အိန္ဒိယဆိပ်ကမ်းကို ၂၀၂၃ မေ ၉ ရက်နေ့တွင် စစ်ကောင်စီနှင့် အိန္ဒိယအာဏာပိုင်တာဝန်ရှိသူများက ဖွင့်လှစ်ခဲ့သည်။ အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံ တည်ဆောက်ထားသည့် ယင်းဆိပ်ကမ်းသည် မြန်မာအစိုးရထံမှ နှစ် ၃ဝ စီမံကိန်းနှင့် ငှားရမ်းအသုံးပြုမည်ဖြစ်သည်။ တန်ချိန် ၅၀၀၀၊ ၆၀၀၀ ရှိသည့် ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းဆိပ်ကမ်းကို ဒီဇင်ဘာ ၁၁ ရက်နေ့က ယာယီပြည်တွင်းဆိပ်ကမ်းအဖြစ် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၂၆) ရက်အထိ စစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနက သတ်မှတ်ထားသည်။

သို့သော် စီမံကိန်းသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် ပဋိပက္ခဒဏ် အခံရဆုံးဒေသများဖြစ်သည့် ရခိုင်ပြည်နှင့် ချင်းပြည်တို့ကို ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်သည်။ စစ်တွေဆိပ်ကမ်း အဆင့်မြှင့်တင်ခြင်း၊ ကုလားတန်မြစ်ကြောင်း တူးဖော်ခြင်းနှင့် ပလက်ဝမှ အိန္ဒိယနယ်စပ်အထိ ကားလမ်းဖောက်လုပ်ခြင်းတို့ ပါဝင်သည့် ဤစီမံကိန်းသည် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟု မူလက မျှော်မှန်းခဲ့ကြသည်။

သို့သော်လည်း စီမံကိန်းစတင်ချိန်မှစ၍ မြေယာသိမ်းဆည်းခံရမှု ပြဿနာများ၊ ဒေသခံတို့၏ ရိုးရာအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်လာခြင်း၊ ပွင့်လင်းမြင်သာမှု အားနည်းခြင်းနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပြောင်းလဲလာခြင်း စသည့်စိန်ခေါ်မှုများ ပေါ်ပေါက်လာသည်နှင့်အတူ ဘဏ္ဍာရေးဆိုင်ရာ ကုန်ကျစရိတ် မြင့်တက်လာခြင်း၊ နည်းပညာနှင့် ပထဝီအနေအထားဆိုင်ရာ အခက်အခဲများရှိခြင်း၊ အထူးသဖြင့် စီမံကိန်းဖြတ်သန်းရာ ဒေသများအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စီမံကိန်းပြီးစီးမှုမှာ အကြိမ်ကြိမ် နှောင့်နှေးကြန့်ကြာခဲ့ရသည်။ ထို့အပြင် လတ်တလောနှစ်များအတွင်း ရခိုင်နှင့် ချင်းဒေသတို့၌ ပြင်းထန်လာသော လက်နက်ကိုင်ပဋိပက္ခများက စီမံကိန်း၏အနာဂတ်နှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးကို ပိုမိုရှုပ်ထွေးစေခဲ့သည်။

ယခုလေ့လာချက်သည် ဒေသတွင်းမီဒီယာများနှင့် နှစ်နိုင်ငံအာဏာပိုင်များ၏ ထုတ်ပြန်ချက်များ၊ ဒေသတွင်းမီဒီယာများနှင့် မိမိတို့ အာရက္ခလေ့လာရေးစင်တာ (CAS) မှ ပြုလုပ်ခဲ့သော မေးမြန်းချက်များကို အဓိကအခြေခံ၍ ရေးသားပြုစုထားခြင်း ဖြစ်သည်။

အချက်အလက်အကျဉ်းချုပ်

၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ

  • စစ်ပွဲဇုန်ထဲက အိန္ဒိယစီမံကိန်း (DMG)
  • ပလက်ဝမြို့နယ် တရွန်အိုင်စခန်းသည် ကုလားတန်မြစ်အထက်ပိုင်း ပလက်ဝမြို့နှင့် ၃၅ မိုင်ခန့်ကွာဝေးပြီး တရွန်အိုင်ကျေးရွာကနေ ကုန်းလမ်းဖြင့် ၁၀ မိုင်အကွာအဝေး မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ သုံးနိုင်ငံဆုံမှတ်တွင် ရှိနေသည်။ ထိုသို့ နယ်စပ်မှ ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ရရှိခဲ့ခြင်းမှာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွက် စစ်ရေးအရ အားသာချက်၊ နယ်စပ်စီးပွားရေးအတွက်လည်း အရေးပါကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

    နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ပလက်ဝဆိုတာကတော့ ရခိုင်နဲ့ ချင်းပြည်နယ် နှစ်ခုကြား ဆက်စပ်တဲ့နေရာ၊ နောက်တစ်ခုက အိန္ဒိယရဲ့ ကုလားတန်စီမံကိန်း ပါဝင်နေတဲ့အတွက် အိန္ဒိယနဲ့ မြန်မာဆက်ဆံရေးမှာလည်း ပလက်ဝက အဓိကပါဝင်နေတယ်” ဟုပြောသည်။

    | Download the full report to read more!

    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

    The CAS is an independent, non-partisan and research-oriented group conducting research and analyzing issues related to Arakan/Rakhine affairs.

    Learn More

    Monthly Report | October 2026
    Battle for Napyi Island Continues Amid Civilian Suffering in Arakan

    October 2026 witnessed intensified military confrontations between the Myanmar junta and the Arakan Army (AA), particularly around Sittwe, Kyaukphyu, Werathani, and Ngapyi Island. Despite deploying approximately 2,000 troops and launching extensive ground, naval, and aerial offensives, the junta failed to regain significant territory. Meanwhile, the AA continued capturing junta outposts, attacking military vessels, and expanding military pressure around Sittwe and Ponnagyun.

    Center for Arakan Studies

    Monthly Report | September 2026
    Junta Air Strike Massacres Civilians in Kyauktaw’s Indian Market in Arakan

    September 2026 saw intensified fighting between the Myanmar military and the Arakan Army across Sittwe, Ponnagyun, Kyaukphyu and other fronts. The junta launched its so-called “Operation 4926,” using airstrikes, artillery, drones, naval forces and ground offensives, while the AA counterattacked and captured several junta outposts. Despite reported junta casualties and retreats, military operations continued, including the Kyindwe offensive launched at the end of the month.

    Center for Arakan Studies

    Monthly Report | August 2026
    ULA Expands Governance and Conducts Anti-Drug Measures in Arakan

    Throughout August 2026, the junta and AA engaged in intense conflict, with the regime relying on punitive airstrikes against civilians to compensate for ground losses, as acknowledged by the AA on August 6. The ULA/AA expanded governance by imposing curfews, banning underage motorcycle driving, creating a special court for rape and major crimes, introducing a 50% tax on alcohol and tobacco, and sentencing the Ponnagyun rape-murder perpetrator to death.

    Center for Arakan Studies

    Monthly Report | July 2026
    Targeted Airstrikes and Catastrophic Floods Worsen Arakan’s Humanitarian Crisis

    The ULA consolidated control across Arakan State in July 2026 through banking system establishment, business licensing, and renaming Minbya and Pauktaw to historic titles on July 29. The junta responded with relentless airstrikes killing at least 12 civilians and bombing a POW camp in Maungdaw that killed four detainees, while ground clashes intensified around Kyaukphyu, Sittwe, and the Rakhine-Magway border.

    Center for Arakan Studies

    Monthly Report | June 2026
    Rainy Season Brings Increasing Challenges Under Junta Air Attacks

    The AA significantly expanded control in June 2026, encircling Kyaukphyu's naval station and repelling a major junta offensive along the Rakhine-Magway border, killing 30 troops and capturing over 20 soldiers. The junta responded with intensified airstrikes and troop reinforcements while conducting mass civilian arrests in Sittwe and Ramree on suspicion of AA ties. Min Aung Hlaing visited China for official recognition and trade deals, while Bangladesh began to claim the facilitation of junta-AA talks on refugee repatriation.

    Center for Arakan Studies